ထိုင္းကို တရားမဝင္ ခိုးဝင္တဲ့ ျမန္မာေတြနဲ႔ လမ္းျပတို႔ အဖမ္းခံရ

0
328

ျမန္မာႏိုင္ငံကေန ထိုင္းႏိုင္ငံထဲကို ခိုးဝင္လာသူ ျမန္မာ ၁၆ ဦးနဲ႔ သူတို႔ရဲ႕ လမ္းျပကို ထိုင္းလံုၿခံဳေရးတပ္ဖြဲ႔က ဘန္ ဆာဖန္ခ႐ိုင္မွာ ဖမ္းဆီးလိုက္ပါတယ္။

ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ ေက်းရြာ ကာကြယ္ေရး ေစတနာ့ဝန္ထမ္းေတြက ခေလာင္ ေလြဘက္ ဆည္ဘက္ကို ဦးတည္ လမ္းေလွ်ာက္သြားေနတဲ့ လူအုပ္စုကို တားဆီးစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ခိုးဝင္လာသူေတြေရာ လမ္းျပပါ ျမန္မာႏိုင္ငံသားေတြျဖစ္ၿပီး သူတို႔မွာ အေထာက္အထား တစ္စံုတစ္ရာ မရွိပါဘူး။

စစ္ေဆးေမးျမန္းတဲ့အခါ သူတို႔ ၁၆ ဦးစလံုးဟာ ရခိုင္ျပည္နယ္က ျဖစ္ေၾကာင္း၊ ေကာ့ေသာင္းၿမိဳ႕နယ္ရွိ နမ္းယင္ရြာကေန ခေလာင္ ေလြရွိ ဘန္ဆာဖန္ကို ျဖတ္ဝင္လာတာ ျဖစ္ေၾကာင္း ေျဖၾကပါတယ္။ အသက္ ၅၉ ႏွစ္အရြယ္ လမ္းျပက သူတို႔ကို တစ္ဦးလွ်င္ ဘတ္ ၃၀၀ နဲ႔ လမ္းျပေခၚေဆာင္လာတာလို႔ ထြက္ဆိုပါတယ္။

သူတို႔ကို ထိုင္းလမ္းျပထံ လႊဲအပ္ၿပီးေနာက္ တစ္ဦးကို ဘတ္ ၂ ေသာင္းနဲ႔ မေလးရွားကို ကားနဲ႔ပို႔ေဆာင္ဖို႔ စီစဥ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းကို တရားမဝင် ခိုးဝင်တဲ့ မြန်မာတွေနဲ့ လမ်းပြတို့ အဖမ်းခံရ

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသူ မြန်မာ ၁၆ ဦးနဲ့ သူတို့ရဲ့ လမ်းပြကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဘန် ဆာဖန်ခရိုင်မှာ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်နဲ့ ကျေးရွာ ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေက ခလောင် လွေဘက် ဆည်ဘက်ကို ဦးတည် လမ်းလျှောက်သွားနေတဲ့ လူအုပ်စုကို တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ခိုးဝင်လာသူတွေရော လမ်းပြပါ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့မှာ အထောက်အထား တစ်စုံတစ်ရာ မရှိပါဘူး။

စစ်ဆေးမေးမြန်းတဲ့အခါ သူတို့ ၁၆ ဦးစလုံးဟာ ရခိုင်ပြည်နယ်က ဖြစ်ကြောင်း၊ ကော့သောင်းမြို့နယ်ရှိ နမ်းယင်ရွာကနေ ခလောင် လွေရှိ ဘန်ဆာဖန်ကို ဖြတ်ဝင်လာတာ ဖြစ်ကြောင်း ဖြေကြပါတယ်။ အသက် ၅၉ နှစ်အရွယ် လမ်းပြက သူတို့ကို တစ်ဦးလျှင် ဘတ် ၃၀ဝ နဲ့ လမ်းပြခေါ်ဆောင်လာတာလို့ ထွက်ဆိုပါတယ်။

သူတို့ကို ထိုင်းလမ်းပြထံ လွှဲအပ်ပြီးနောက် တစ်ဦးကို ဘတ် ၂ သောင်းနဲ့ မလေးရှားကို ကားနဲ့ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

?bph6