ဘဂၤါလီ ဒုကၡသည္စခန္းမွာ ေဆးကုသမႈ အႀကိမ္ ၁ သန္းေက်ာ္ လုပ္ေပးခဲ့ရ

0
166

ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၊ ေကာက္ဘဇားရွိ ဒုကၡသည္စခန္းေတြမွာ ေဆးကုသမႈ အႀကိမ္ ၁ သန္းေက်ာ္ ျပဳလုပ္ေပးခဲ့ၿပီး ျဖစ္တယ္လို႔ နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႔ (MSF) က ေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လကေန ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအထိ ေဆးကုသမႈ အႀကိမ္ ၁ သန္း ၅ ေသာင္း ျပဳလုပ္ေပးခဲ့ၿပီး ျဖစ္ေၾကာင္း MSF ရဲ႕ ေဆးဘက္ဆိုင္ရာ ညွိႏိႈင္းေရးမွဴး ဂ်က္ဆီကာ ပတ္တီက ေျပာပါတယ္။
လူနာ ၉ ရာခိုင္ႏႈန္းဟာ ေရေၾကာင့္ျဖစ္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါျဖစ္ၿပီး အမ်ားစုဟာ အသက္ ငါးႏွစ္ေအာက္ ကေလးေတြ ျဖစ္ပါတယ္။

ေနထိုင္ရတဲ့ အေျခအေန ဆိုးရြားတာနဲ႔ ဆက္စပ္ၿပီး တျခား ျဖစ္ေလ့ရွိတဲ့ ေရာဂါေတြက အသက္႐ႈလမ္းေၾကာင္း ပိုးဝင္မႈ၊ အေရျပားေရာဂါ၊ အေၾကာင္းရင္း ရွာမရတဲ့ အဖ်ားေရာဂါတို႔ ျဖစ္ပါတယ္။ တခ်ိဳ႕ကိစၥေတြမွာ ဓာတ္ခြဲစမ္းသပ္ဖို႔ လိုအပ္ေပမယ့္ အၿမဲတမ္း အဆင္ေျပတဲ့ အေျခအေန မရွိဘူးလို႔ ဂ်က္ဆီကာ ပတ္တီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဆေးကုသမှု အကြိမ် ၁ သန်းကျော် လုပ်ပေးခဲ့ရ]

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ဆေးကုသမှု အကြိမ် ၁ သန်းကျော် ပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ဆေးကုသမှု အကြိမ် ၁ သန်း ၅ သောင်း ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း MSF ရဲ့ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျက်ဆီကာ ပတ်တီက ပြောပါတယ်။
လူနာ ၉ ရာခိုင်နှုန်းဟာ ရေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပြီး အများစုဟာ အသက် ငါးနှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။

နေထိုင်ရတဲ့ အခြေအနေ ဆိုးရွားတာနဲ့ ဆက်စပ်ပြီး တခြား ဖြစ်လေ့ရှိတဲ့ ရောဂါတွေက အသက်ရှုလမ်းကြောင်း ပိုးဝင်မှု၊ အရေပြားရောဂါ၊ အကြောင်းရင်း ရှာမရတဲ့ အဖျားရောဂါတို့ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ ဓာတ်ခွဲစမ်းသပ်ဖို့ လိုအပ်ပေမယ့် အမြဲတမ်း အဆင်ပြေတဲ့ အခြေအနေ မရှိဘူးလို့ ဂျက်ဆီကာ ပတ်တီက ပြောပါတယ်။

?bph6