ဟိမဝႏၱာေတာင္ထိပ္က ေရခဲ ၃၃ ရာခိုင္ႏႈန္း ၂၁၀၀ မွာ အရည္ေပ်ာ္မယ္

0
225

အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ တ႐ုတ္၊ အိႏၵိယ၊ ျမန္မာ၊ နီေပါနဲ႔ ပါကစၥတန္တို႔တေလွ်ာက္ မိုင္ ၂၀၀၀ ေက်ာ္ အရွည္ရွိေနတဲ့ ဟိမဝႏၱာ ေတာင္ေၾကာရဲ႕ ဟိႏၵဴ ကက္ရွ္ ဟိမဝႏၱာ (HKH) ေဒသမွာ ေရခဲ ၃၃ ရာခိုင္ႏႈန္းဟာ ဒီရာစုႏွစ္အကုန္ ၂၁၀၀ မွာ အရည္ေပ်ာ္မွာ ျဖစ္ပါတယ္။

ဖန္လံုအိမ္ အာနိသင္ေၾကာင့္ ကမာၻႀကီး ပူေႏြးၿပီး အခုလို အရည္ေပ်ာ္ေစမွာ ျဖစ္တယ္လို႔ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ အစိုးရမ်ားၾကား ေဆြးေႏြးခ်က္ အစီရင္ခံစာသစ္မွာ ေဖာ္ျပထားပါတယ္။ ေရခဲေတြ အရည္ေပ်ာ္မႈေၾကာင့္ ေဒသဝန္းက်င္က လူဦးေရ ၂ ဘီလီယံအေပၚ သက္ေရာက္မႈ ရွိမွာ ျဖစ္ေၾကာင္း အစီရင္ခံစာကို ဦးေဆာင္ေရးသားသူ ဖီလစ္ပတ္စ္ ဝက္စတာက ေျပာပါတယ္။

စာမ်က္ႏွာ ၆၃၀ မ်က္ႏွာပါ အဲဒီ အစီရင္ခံစာဟာ ဟိမဝႏၱာဝန္းက်င္ ေဒသတြင္း ရာသီဥတုဆိုင္ရာ ထိခိုက္ႏိုင္ေျခေတြကို အေသးစိတ္ ေလ့လာထားတဲ့ ပထမဆံုး အစီရင္ခံစာ ျဖစ္ပါတယ္။ ဒီအစီရင္ခံစာကို ရာနဲ႔ ခ်ီတဲ့ သုေတသီေတြက ငါးႏွစ္ၾကာ အခ်ိန္ယူ ျပဳစုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟိမဝန္တာတောင်ထိပ်က ရေခဲ ၃၃ ရာခိုင်နှုန်း ၂၁၀ဝ မှာ အရည်ပျော်မယ်

အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန်တို့တလျှောက် မိုင် ၂၀ဝ၀ ကျော် အရှည်ရှိနေတဲ့ ဟိမဝန္တာ တောင်ကြောရဲ့ ဟိန္ဒူ ကက်ရှ် ဟိမဝန္တာ (HKH) ဒေသမှာ ရေခဲ ၃၃ ရာခိုင်နှုန်းဟာ ဒီရာစုနှစ်အကုန် ၂၁၀ဝ မှာ အရည်ပျော်မှာ ဖြစ်ပါတယ်။

ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီး ပူနွေးပြီး အခုလို အရည်ပျော်စေမှာ ဖြစ်တယ်လို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆွေးနွေးချက် အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ ရေခဲတွေ အရည်ပျော်မှုကြောင့် ဒေသဝန်းကျင်က လူဦးရေ ၂ ဘီလီယံအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ကြောင်း အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ဖီလစ်ပတ်စ် ဝက်စတာက ပြောပါတယ်။

စာမျက်နှာ ၆၃၀ မျက်နှာပါ အဲဒီ အစီရင်ခံစာဟာ ဟိမဝန္တာဝန်းကျင် ဒေသတွင်း ရာသီဥတုဆိုင်ရာ ထိခိုက်နိုင်ခြေတွေကို အသေးစိတ် လေ့လာထားတဲ့ ပထမဆုံး အစီရင်ခံစာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို ရာနဲ့ ချီတဲ့ သုတေသီတွေက ငါးနှစ်ကြာ အချိန်ယူ ပြုစုခဲ့တာ ဖြစ်ပါတယ်။

?bph6