ေတာင္နဝင္းေရေလွာင္တမံ ထိပ္ျပင္အက္ေၾကာင္းျဖစ္ေပၚမႈ ပညာရွင္ေတြ စစ္ေဆး

0
266

ေတာင္နဝင္းေရေလွာင္တမံ ထိပ္ျပင္အက္ေၾကာင္း ျဖစ္ေပၚမႈကို ျမန္မာႏိုင္ငံ တမံႀကီးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီက ပညာရွင္ေတြ သြားေရာက္ ေလ့လာစစ္ေဆးခဲ့ပါတယ္။

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္အတြင္းရွိ ေတာင္နဝင္း ေရေလွာင္တမံကို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က သြားေရာက္ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ပညာရွင္ေတြအဖဲြ႔ရဲ႕ ကနဦးဘူမိေဗဒ စမ္းသပ္ေတြ႔ရွိခ်က္ေတြအေပၚ သုံးသပ္ခ်က္အရ ေပါက္ေခါင္းၿမိဳ႕ ေရေလွာင္တမံ ပတ္ဝန္းက်င္အနီး ေျမငလ်င္ေလးႀကိမ္ လႈပ္ခတ္မႈေၾကာင့္ တမံေအာက္ေျခ အုတ္ျမစ္ေက်ာက္သားမွာ လႈပ္ရွားမႈျဖစ္ေပၚၿပီး တမံထိပ္မ်က္ႏွာျပင္မွာ အက္ေၾကာင္းျဖစ္ေပၚတာ ျဖစ္ႏိုင္ေၾကာင္း၊ ေတာင္နဝင္း ေရေလွာင္တမံရဲ႕ ထိပ္ျပင္အက္ေၾကာင္းျဖစ္ေပၚမႈဟာ စိုးရိမ္ဖြယ္ရာ အေျခအေနမရွိဘဲ ထပ္မံေဆာင္႐ြက္ဖို႔ လိုအပ္တဲ့ ေးေလ့လာေရးေတြကိုလည္း ဆက္လက္ေဆာင္႐ြက္ သြားမွာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

တောင်နဝင်းရေလှောင်တမံ ထိပ်ပြင်အက်ကြောင်းဖြစ်ပေါ်မှု ပညာရှင်တွေ စစ်ဆေး

တောင်နဝင်းရေလှောင်တမံ ထိပ်ပြင်အက်ကြောင်း ဖြစ်ပေါ်မှုကို မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီက ပညာရှင်တွေ သွားရောက် လေ့လာစစ်ဆေးခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ တောင်နဝင်း ရေလှောင်တမံကို ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပညာရှင်တွေအဖွဲ့ရဲ့ ကနဦးဘူမိဗေဒ စမ်းသပ်တွေ့ရှိချက်တွေအပေါ် သုံးသပ်ချက်အရ ပေါက်ခေါင်းမြို့ ရေလှောင်တမံ ပတ်ဝန်းကျင်အနီး မြေငလျင်လေးကြိမ် လှုပ်ခတ်မှုကြောင့် တမံအောက်ခြေ အုတ်မြစ်ကျောက်သားမှာ လှုပ်ရှားမှုဖြစ်ပေါ်ပြီး တမံထိပ်မျက်နှာပြင်မှာ အက်ကြောင်းဖြစ်ပေါ်တာ ဖြစ်နိုင်ကြောင်း၊ တောင်နဝင်း ရေလှောင်တမံရဲ့ ထိပ်ပြင်အက်ကြောင်းဖြစ်ပေါ်မှုဟာ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဘဲ ထပ်မံဆောင်ရွက်ဖို့ လိုအပ်တဲ့ ေးလေ့လာရေးတွေကိုလည်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

?bph6