
1
375




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးသွေးထုတ်လုပ်မှုက မြန်မာ့ဒီရေတောတွေကို ခြိမ်းခြောက်နေ

အရှေ့တောင်အာရှမှာ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ ဒီရေတောတွေ ကြွယ်ဝပေမယ့် စီးပွားရေး တိုက်းတက်မှု၊ တရားမဝင် ခုတ်လည်းမှု၊ မီးသွေးထုတ်လုပ်တွေကြောင့် ပျက်စီးဆုံးရှုံးနေပါတယ်။

၁၉၇၀ ဝန်းကျင်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ဟာ ကမ္ဘာပေါ်မှာ ဒီရေတောတွေ အထူထပ်ဆုံး ဖြစ်ပေမယ့် အခုချိန်မှာတော့ အဲဒီ ဒီရေတောတွေရဲ့ သုံးပုံတစ်ပုံ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ နောက်ထပ် သုံးပုံတစ်ပုံ ဆုံးရှုံးလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ယူနက်စကိုရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ မဲခေါင်ဒေသမှာ ဒီရေတော အများဆုံး ကျန်ရှိပြီး ၅၀၃၀ စတုရန်း ကီလိုမီတာ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် မီးသွေးထုတ်လုပ်မှုကြောင့် မြန်မာနိုင်ငံ ဒီရေတောတွေဟာ ပျက်စီးတာ၊ ဒီရေတော ဧရိယာတွေ လျော့နည်းလာတာတွေ ရင်ဆိုင်နေရပါတယ်။

?bph6