ဘဂၤါလီ မြတ္စလင္အေရး အေမရိကန္က ေဖ်ာင္းဖ်ေပးဖို႔ ဘဂၤလားေဒ့ရွ္ တိုက္တြန္း

0
516

ဘဂၤါလီ မြတ္စလင္ အက်ပ္အတည္းမွာ အေမရိကန္ရဲ႕ တျခားႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးကို အသံုးျပဳၿပီး ျမန္မာႏိုင္ငံကို ေဖ်ာင္းဖ်ေပးဖို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္ သံအမတ္ႀကီးကို တိုက္တြန္းလိုက္ပါတယ္။

မေန႔ ဇန္နဝါရီလ ၃၁ ရက္ေန႔က ဒါကာၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေက အဗၺဒူ မိုမင္က ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး အားလ္ ေမလာနဲ႔ ေတြ႔ဆံုစဥ္ အခုလို တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

ေတြ႔ဆံုစဥ္ ဘဂၤါလီ မြတ္စလင္ ၁ သိန္းကို ေဝးလံၿပီး လူမေနတဲ့ ဘာရွန္ ခ်ားကြ်န္းမွာ ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ စီစဥ္ေနေၾကာင္း၊ သူတို႔ ဆႏၵအေလ်ာက္ ေရႊ႕ေျပာင္းေစမွာ ျဖစ္ေၾကာင္း၊ အဲဒီကြ်န္းေပၚမွာ သူတို႔ သက္ေမြးဝမ္းေၾကာင္း လုပ္ငန္းလုပ္ဖို႔ အခြင့္အေရး ရမွာျဖစ္ေၾကာင္း၊ အဲဒီကြ်န္းဟာ လံုၿခံဳၿပီး စင္ကာပူနဲ႔ တူမွာျဖစ္ေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ မွတ်စလင်အရေး အမေရိကန်က ဖျောင်းဖျပေးဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်းမှာ အမေရိကန်ရဲ့ တခြားနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို အသုံးပြုပြီး မြန်မာနိုင်ငံကို ဖျောင်းဖျပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သံအမတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်။

မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကေ အဗ္ဗဒူ မိုမင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အားလ် မေလာနဲ့ တွေ့ဆုံစဉ် အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ် ဘင်္ဂါလီ မွတ်စလင် ၁ သိန်းကို ဝေးလံပြီး လူမနေတဲ့ ဘာရှန် ချားကျွန်းမှာ ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်နေကြောင်း၊ သူတို့ ဆန္ဒအလျောက် ရွှေ့ပြောင်းစေမှာ ဖြစ်ကြောင်း၊ အဲဒီကျွန်းပေါ်မှာ သူတို့ သက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ဖို့ အခွင့်အရေး ရမှာဖြစ်ကြောင်း၊ အဲဒီကျွန်းဟာ လုံခြုံပြီး စင်ကာပူနဲ့ တူမှာဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။