ျမစ္ဆံုစီမံကိန္းဟာ ျမန္မာအတြက္ ေဒသဏ္ျဖစ္တယ္လို႔ ကာဒီနယ္ ခ်ားလ္စ္ ေမာင္ဘို ကန္႔ကြက္

1
464

တ႐ုတ္ႏိုင္ငံက လုပ္ေဆာင္မယ့္ ျမစ္ဆံုစီမံကိန္း ျပန္စေရးနဲ႔ ပတ္သက္လို႔ အျငင္းပြားမႈေတြနဲ႔ ပတ္သက္ၿပီး ျမစ္ဆံုဆည္ဟာ ျမန္မာျပည္သူေတြအတြက္ ေသဒဏ္ခ်မွတ္မႈ ျဖစ္တယ္လို႔ ရန္ကုန္ ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ ရဟန္းအမတ္ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုက ေျပာဆိုကန္႔ကြက္လိုက္ပါတယ္။

ရပ္ဆိုင္းထားရတဲ့ ျမစ္ဆံုစီမံကိန္းကို ကခ်င္ျပည္နယ္ ေဒသခံေတြက ဆန္႔က်င္ကန္႔ကြက္ျခင္း မရွိဘဲ ျပည္ပေရာက္သူေတြနဲ႔ အဖြဲ႔အစည္းေတြက ကန္႔ကြက္တာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ တ႐ုတ္သံ႐ံုးက ဇန္နဝါရီလ ဒုတိယပတ္မွာ သတင္းထုတ္ျပန္ၿပီးေနာက္ ကခ်င္ႏိုင္ငံေရးပါတီေတြနဲ႔ လူမႈေရးအဖြဲ႔အစည္း ေခါင္းေဆာင္ေတြက ကန္႔ကြက္ခဲ့ၾကပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလ ပန္းၿခံေရွ႕မွာ “ျမစ္ဆုံေရကာတာ တည္ေဆာက္ျခင္းကို ျပည္သူလူထုမွ စုေဝးကန္႔ကြက္ပြဲ ” အမည္နဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ျမစ္ဆံု စီမံကိန္း ျပန္လည္တည္ေဆာက္ေရးနဲ႔ ပက္သက္လို႔ ျပည္သူေတြရဲ႕ သေဘာထားနဲ႔ တစ္သားတည္း ရွိေနတယ္လို႔ မႏၱေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကလည္း ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြစ်ဆုံစီမံကိန်းဟာ မြန်မာအတွက် ဒေသဏ်ဖြစ်တယ်လို့ ကာဒီနယ် ချားလ်စ် မောင်ဘို ကန့်ကွက်

တရုတ်နိုင်ငံက လုပ်ဆောင်မယ့် မြစ်ဆုံစီမံကိန်း ပြန်စရေးနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး မြစ်ဆုံဆည်ဟာ မြန်မာပြည်သူတွေအတွက် သေဒဏ်ချမှတ်မှု ဖြစ်တယ်လို့ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောဆိုကန့်ကွက်လိုက်ပါတယ်။

ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်ခြင်း မရှိဘဲ ပြည်ပရောက်သူတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက ဇန်နဝါရီလ ဒုတိယပတ်မှာ သတင်းထုတ်ပြန်ပြီးနောက် ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ “မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို ပြည်သူလူထုမှ စုဝေးကန့်ကွက်ပွဲ ” အမည်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြစ်ဆုံ စီမံကိန်း ပြန်လည်တည်ဆောက်ရေးနဲ့ ပက်သက်လို့ ပြည်သူတွေရဲ့ သဘောထားနဲ့ တစ်သားတည်း ရှိနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြောထားပါတယ်။

?bph6