
0
209




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

HIV/AIDS လူနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ NLD AIDS Center ရန်ပုံငွေ အခက်အခဲရှိ

HIV/AIDS ဝေဒနာရှင် အသက်အရွယ်မျိုးစုံကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD HIV/AIDS ကူညီ စောင့်ရှောက်ရေး ဂေဟာ (NAC) မှာ ရန်ပုံငွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ NAC က တာဝန်ရှိသူက ပြောပါတယ်။

NLD HIV/AIDS ကူညီ စောင့်ရှောက်ရေးဂေဟာ (NAC) ဟာ ၂၀ဝ၂ ခုနှစ် ကတည်းက စတင် တည်ထောင်ခဲ့တဲ့ ဂေဟာဖြစ်ပြီး လက်ရှိအချိန်မှာ အစိုးရရဲ့ ကူညီထောက်ပံမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

NAC ဂေဟာကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ပြီး ၂၀ဝ၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲဟာ ရန်ပုံငွေ မလုံလောက်တဲ့ ကိစ္စဖြစ်ပြီး အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေ မရရှိတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ တစ်ပိုင်တစ်နိုင် အလှူရှင်တွေကို မှီခိုနေရတယ်လို့ NAC ဂေဟာရဲ့ ဒုတိယ တာဝန်ခံ ဦးစိုးရာဇာထွန်းက ပြောပါတယ်။

?bph6