စံုစမ္းစစ္ေဆးေရး ေကာ္မတီကို ေႏွာင့္ယွက္ရင္ ရာဇသတ္ႀကီးဥပေဒနဲ႔ ၿငိစြန္းေၾကာင္း MPC ထုတ္ျပန္

0
345

ဥပေဒအရ ဖြဲ႔စည္းထားတဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မတီကုိ ေႏွာင့္ယွက္ရင္ ရာဇသတ္ႀကီးဥပေဒနဲ႔ ၿငိစြန္းတယ္လို႔ ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ (MPC) က သတိေပး ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏုိင္ငံ သတင္းမီဒီယာ ေကာင္စီက ရတနာပံုတကၠသုိလ္ေရွ႕ ေက်ာင္းသားဆႏၵျပပြဲနဲ႔ ပတ္သက္ၿပီး စုံစမ္းဖို႔ စံုစမ္းစစ္ေဆးေရး ေကာ္မတီကုိ ဖြဲ႔စည္း တာဝန္ေပးအပ္ခဲ့ေပမယ့္ သတင္းမီဒီယာေကာင္စီရဲ႕ လုပ္ပိုင္ခြင့္ အာဏာကို ေက်ာ္လြန္က်င့္သုံးတယ္လို႔ ရတနာပုံတကၠသုိလ္ ဆရာ၊ ဆရာမမ်ား အစည္းအ႐ံုးက ဇန္နဝါရီလ ၇ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒါ တံု႔ျပန္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီက စံုစမ္းစစ္ေဆးေရး ေကာ္မတီကို သတင္းမီဒီယာဥပေဒ ပုဒ္မ (၁၈) ပါ ျပ႒ာန္းခ်က္အရ ဖြဲ႔စည္း တာဝန္ေပးအပ္ခဲ့တာလို႔ ဇန္နဝါရီလ ၁၇ ရက္ေန႔မွာ ထုတ္ျပန္ခဲ႔ပါတယ္။

ဒါ့အျပင္ ဥပေဒအရ တာဝန္ေပးအပ္ထားတာကို ကန္႔ကြက္တာ၊ တားဆီးတာ၊ ေႏွာင့္ယွက္မႈျပဳျခင္းက ျပည္သူ႔ဝန္ထမ္းရဲ႕ တာဝန္အရ ေဆာင္ရြက္မႈကို ေႏွာင့္ယွက္ျခင္းျဖစ္တာေၾကာင့္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၅၃ နဲ႔ ၿငိစြန္းတယ္လို႔ ေဖာ္ျပထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

စုံစမ်းစစ်ဆေးရေး ကော်မတီကို နှောင့်ယှက်ရင် ရာဇသတ်ကြီးဥပဒေနဲ့ ငြိစွန်းကြောင်း MPC ထုတ်ပြန်

ဥပဒေအရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီကို နှောင့်ယှက်ရင် ရာဇသတ်ကြီးဥပဒေနဲ့ ငြိစွန်းတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ရတနာပုံတက္ကသိုလ်ရှေ့ ကျောင်းသားဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပေမယ့် သတင်းမီဒီယာကောင်စီရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကျော်လွန်ကျင့်သုံးတယ်လို့ ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံးက ဇန်နဝါရီလ ၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါ တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မတီကို သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၈) ပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာလို့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဥပဒေအရ တာဝန်ပေးအပ်ထားတာကို ကန့်ကွက်တာ၊ တားဆီးတာ၊ နှောင့်ယှက်မှုပြုခြင်းက ပြည်သူ့ဝန်ထမ်းရဲ့ တာဝန်အရ ဆောင်ရွက်မှုကို နှောင့်ယှက်ခြင်းဖြစ်တာကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃ နဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားပါတယ်။

?bph6