Concept Context Contestation Yangon က ကမၻာကို ေျပာင္းလဲႏိုင္မဲ့ အနုပညာေတြ ျပသ

0
415

အေရွ႕ေတာင္အာရွ ေခတ္ၿပိဳင္အနုပညာျပပြဲမွာ Concept Context Contestation Yangon က ကမၻာကို ေျပာင္းလဲႏိုင္မဲ့ အနုပညာေတြကို ျပသသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ျမတ္မင္းသူက ေပးပို႔ထားပါတယ္။

အေရွ႕ေတာင္အာရွ ေဒသတြင္း လူမႈအေျခအေနေတြနဲ႔ ပတ္သက္ၿပီး Conceptual အႏုပညာ မဟာဗ်ဴဟာေတြကို Concept Context Contestation Yangon က ဇန္နဝါရီလ ၁၉ရက္ေန႔ကေနစၿပီး ေဖေဖၚဝါရီလ ၁၀ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ ဝန္ႀကီးမ်ားရံုးမွာ ျပသသြားမွာျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၇ ရက္ေန႔က အေရွ႕ေတာင္အာရွ ေခတ္ၿပိဳင္အနုပညာျပပြဲ က်င္းပဖို႔ရွိေနတာနဲ႔ ပတ္သတ္ၿပီး ရန္ကုန္ၿမိဳ႕ ဝန္ႀကီးမ်ားရံုးမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite မိုးဆက္ (Conceptual Art)
Myanmar

ဒီျပပြဲမွာ ျမန္မာနိုင္ငံက အထင္ကရ အနုပညာရွင္ ၁၀ ဦးရဲ႕ လက္ရာေတြ အပါအဝင္ အေရွ႕ေတာင္အာရွ ေဒသတြင္း သမိုင္းေၾကာင္းအရ ထင္ရွားေျပာင္ေျမာက္ခဲ့တဲ့ အနုပညာလက္ရာ ၆၅ ခုကို ျပသသြားမွာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဒီအနုပညာ ျပပြဲတခုလံုးကို ဆက္စပ္ေတြးေတာမႈ စြမ္းရည္အျပင္ ဆန္းစစ္ေဝဖန္ေတြးေခၚတာေတြကိုပါ ႏႈိးဆြေပးနိုင္တဲ့ Conceptual အနုပညာေတြကို ၾကည့္ရွုႏိုင္မွာပါ။

Soundbite မိုးဆက္ (Conceptual Art)
Myanmar

ဒီအနုပညာျပပြဲဟာ လူအမ်ားရဲ႕ လူမႈေရးအရ အျငင္းပြားဖြယ္ျဖစ္ေစႏိုင္တဲ့ ျပႆနာေတြကို သတိရေစဖို႔နဲ႔ ျပန္လည္သံုးသပ္နိုင္ေစဖို႔ ရည္ရြယ္က်င္းပတာလည္းျဖစ္ပါတယ္ခင္ဗ်ာ။

အရှေ့တောင်အာရှ ခေတ်ပြိုင်အနုပညာပြပွဲမှာ Concept Context Contestation Yangon က ကမ္ဘာကို ပြောင်းလဲနိုင်မဲ့ အနုပညာတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း လူမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး Conceptual အနုပညာ မဟာဗျူဟာတွေကို Concept Context Contestation Yangon က ဇန်နဝါရီလ ၁၉ရက်နေ့ကနေစပြီး ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ပြသသွားမှာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က အရှေ့တောင်အာရှ ခေတ်ပြိုင်အနုပညာပြပွဲ ကျင်းပဖို့ရှိနေတာနဲ့ ပတ်သတ်ပြီး ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite မိုးဆက် (Conceptual Art)
Myanmar

ဒီပြပွဲမှာ မြန်မာနိုင်ငံက အထင်ကရ အနုပညာရှင် ၁၀ ဦးရဲ့ လက်ရာတွေ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း သမိုင်းကြောင်းအရ ထင်ရှားပြောင်မြောက်ခဲ့တဲ့ အနုပညာလက်ရာ ၆၅ ခုကို ပြသသွားမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီအနုပညာ ပြပွဲတခုလုံးကို ဆက်စပ်တွေးတောမှု စွမ်းရည်အပြင် ဆန်းစစ်ဝေဖန်တွေးခေါ်တာတွေကိုပါ နှိုးဆွပေးနိုင်တဲ့ Conceptual အနုပညာတွေကို ကြည့်ရှုနိုင်မှာပါ။

Soundbite မိုးဆက် (Conceptual Art)
Myanmar

ဒီအနုပညာပြပွဲဟာ လူအများရဲ့ လူမှုရေးအရ အငြင်းပွားဖွယ်ဖြစ်စေနိုင်တဲ့ ပြဿနာတွေကို သတိရစေဖို့နဲ့ ပြန်လည်သုံးသပ်နိုင်စေဖို့ ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်ခင်ဗျာ။