သံတြဲၿမိဳ႕နယ္မွာ မီးေလာင္မႈ လူတစ္ဦးေသဆံုး

0
229

ရခုိင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္ အမွတ္ (၈) ရပ္ကြက္အတြင္း ဒီေန႔ ဇန္နဝါရီလ ၁၇ ရက္ေန႔ မနက္ ၁ နာရီခြဲ အခ်ိန္ခန္႔က မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူတစ္ဦးေသခဲ့ပါတယ္။

အမွတ္ (၈) ရပ္ကြက္အတြင္းရွိ အံေတာ္ေတာင္ရင္းကုန္းလမ္းရွိ ေဈးဆိုင္တန္းက ကုန္ေျခာက္ေတြ ေရာင္းတဲ့ဆိုင္ကို ေလာင္ကၽြမ္းခဲ့တာျဖစ္ၿပီး ဆိုင္အတြင္း ေစာင့္အိပ္ေနသူတစ္ဦး မီးခိုးမႊန္ အသက္႐ွဴၾကပ္ကာ ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။

ေသဆံုးသူက ဆိုင္ခန္းေစာင့္ ဦးေက်ာ္ေဇယ် (ခ) အရွည္ႀကီး (၃၈ ႏွစ္) ျဖစ္ၿပီး ဆိုင္ခန္းမွာ တပ္ဆင္ထားတဲ့ လွ်ပ္စစ္ မီးခံုကေန အပူလြန္ကဲကာ စတင္ေလာင္ကၽြမ္းခဲ့တာ ျဖစ္ပါတယ္။ မီးေလာင္မႈေၾကာင့္ ဓနိမိုး၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ ၁၀ ေပပတ္လည္ ဆိုင္ခန္းတစ္ခန္းလည္း ဆံုးရႈံးသြားခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သံတွဲမြို့နယ်မှာ မီးလောင်မှု လူတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အမှတ် (၈) ရပ်ကွက်အတွင်း ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၁ နာရီခွဲ အချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေခဲ့ပါတယ်။

အမှတ် (၈) ရပ်ကွက်အတွင်းရှိ အံတော်တောင်ရင်းကုန်းလမ်းရှိ ဈေးဆိုင်တန်းက ကုန်ခြောက်တွေ ရောင်းတဲ့ဆိုင်ကို လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်အတွင်း စောင့်အိပ်နေသူတစ်ဦး မီးခိုးမွှန် အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူက ဆိုင်ခန်းစောင့် ဦးကျော်ဇေယျ (ခ) အရှည်ကြီး (၃၈ နှစ်) ဖြစ်ပြီး ဆိုင်ခန်းမှာ တပ်ဆင်ထားတဲ့ လျှပ်စစ် မီးခုံကနေ အပူလွန်ကဲကာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလည်း ဆုံးရှုံးသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

?bph6