
0
224




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မစ္စ တိုရှိကို အာဘေး ကို မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဖို့ ဆောင်ရွက်နေမှု အခြေအနေတွေ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စတွေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အစိုးရနဲ့ တပ်မတော်က ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါအ့ပြင် ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထားတဲ့ အခြေအနေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးမှုတွေ ဆောင်ရွက်ရာမှာ ဒေသခံ တိုင်းရင်းသားတွေကို သာတူညီမျှ ရရှိနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရေး လိုအပ်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

?bph6