က်ိဳက္ထိုမွာ ေသနတ္ကိုင္ၿပီး စတိုးဆိုင္ကို ဓားျပတိုက္သူ ႏွစ္ဦး ဖမ္းမိ

0
247

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕ရွိ One Stop Mart စတိုးဆိုင္ကို ေသနတ္ကိုင္ၿပီး ဝင္ေရာက္ ဓားျပတိုက္သူ ႏွစ္ဦးကို ရဲတပ္ဖြဲ႔က ၂၄ နာရီအတြင္း ဖမ္းဆီးရမိခဲ့ပါတယ္။

ဇန္နဝါရီလ ၁၅ ရက္ေန႔က ေတာင္သူစုရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိ One Stop Mark စတိုးဆိုင္ကို အနက္ေရာင္ဝတ္စုံနဲ႔ အမ်ိဳးသား ႏွစ္ဦး ေရာက္လာၿပီး ေငြက်ပ္ ၃ သိန္း ေတာင္းခဲ့လို႔ အေရာင္းစာေရးမ မသဥၨာေအး မရွိေၾကာင္း ေျပာခဲ့ပါတယ္။ သူတို႔က ေကာင္တာရွိ ေငြေတြ အားလံုးယူၿပီး ေစ်းဝယ္လာသူ တစ္ဦးရဲ႕ ဆိုင္ကယ္ကိုယူၿပီး ေမာင္းေျပးဖို႔ လုပ္စဥ္မွာ ရဲကို ဖုန္းဆက္မယ့္ မသဥၨာေအးကို ေသနတ္နဲ႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

က်ိဳက္ထို ၿမိဳ႕မ ရဲစခန္းက ဆိုင္ကယ္အရွိန္ျပင္းျပင္း ေမာင္းေနတဲ့လူႏွစ္ဦးကို တားဆီးစစ္ေဆးရာမွာ ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္ၿမိဳ႕နယ္ေန ရဲထက္ (၂၃ ႏွစ္) နဲ႔ သန္လ်င္ၿမိဳ႕နယ္ေန ေအာင္ကိုကိုဦး (၂၀ ႏွစ္) တို႔ျဖစ္ၿပီး AK 47 က်ည္အေတာင့္ ၄၀ နဲ႔ လုယူသြားတဲ့ ေငြေတြ ေတြ႔ရွိရပါတယ္။ ဝွက္ထားတဲ့ AK-47 ေသနတ္နဲ႔ ျပစ္မႈက်ဴးလြန္စဥ္က လုယက္ ယူေဆာင္သြားသည့္ ဆိုင္ကယ္ကိုလည္း သိမ္းဆည္းရမိလို႔ သူတို႔ႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျိုက်ထိုမှာ သေနတ်ကိုင်ပြီး စတိုးဆိုင်ကို ဓားပြတိုက်သူ နှစ်ဦး ဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ One Stop Mart စတိုးဆိုင်ကို သေနတ်ကိုင်ပြီး ဝင်ရောက် ဓားပြတိုက်သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်သူစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ One Stop Mark စတိုးဆိုင်ကို အနက်ရောင်ဝတ်စုံနဲ့ အမျိုးသား နှစ်ဦး ရောက်လာပြီး ငွေကျပ် ၃ သိန်း တောင်းခဲ့လို့ အရောင်းစာရေးမ မသဉ္ဇာအေး မရှိကြောင်း ပြောခဲ့ပါတယ်။ သူတို့က ကောင်တာရှိ ငွေတွေ အားလုံးယူပြီး ဈေးဝယ်လာသူ တစ်ဦးရဲ့ ဆိုင်ကယ်ကိုယူပြီး မောင်းပြေးဖို့ လုပ်စဉ်မှာ ရဲကို ဖုန်းဆက်မယ့် မသဉ္ဇာအေးကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျိုက်ထို မြို့မ ရဲစခန်းက ဆိုင်ကယ်အရှိန်ပြင်းပြင်း မောင်းနေတဲ့လူနှစ်ဦးကို တားဆီးစစ်ဆေးရာမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်နေ ရဲထက် (၂၃ နှစ်) နဲ့ သန်လျင်မြို့နယ်နေ အောင်ကိုကိုဦး (၂၀ နှစ်) တို့ဖြစ်ပြီး AK 47 ကျည်အတောင့် ၄၀ နဲ့ လုယူသွားတဲ့ ငွေတွေ တွေ့ရှိရပါတယ်။ ဝှက်ထားတဲ့ AK-47 သေနတ်နဲ့ ပြစ်မှုကျူးလွန်စဉ်က လုယက် ယူဆောင်သွားသည့် ဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိလို့ သူတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

?bph6