AA အဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိကြောင်း တပ်မတော်ထုတ်ြပန်

0
134



တပ်မတော်စစ်ကြောင်းဘက် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ AA အဖွဲ့ဝင် အလောင်းငါးလောင်း၊ အမ် (၂၂) သေနတ်တစ်လက်၊ အမ် (၁၄) သေနတ်တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ တစ်ယောက်ပစ်ကျင်း ၅၀ ကျင်း၊ နှစ်ယောက်ပစ်ကျင်း ငါးကျင်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

AA အဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိကြောင်း တပ်မတော်ထုတြ်ပန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ AA  လက်နက်ကိုင် အဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက် ရရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော် စစ်ကြောင်းတစ်ကြောင်းက ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက် မနက်ပိုင်းမှာ AA အဖွဲ့က အင်အား ၅၀ ခန့်  ယာယီအခြေပြုနေတဲ့ စခန်းတစ်ခုကို တွေ့ရှိခဲ့တာကြောင့် ထိတွေ့တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းဘက် ထိခိုုက်ဒဏ်ရာရရှိမှု မရှိဘဲ AA အဖွဲ့ဝင် အလောင်းငါးလောင်း၊ အမ် (၂၂) သေနတ်တစ်လက်၊ အမ် (၁၄) သေနတ်တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ တစ်ယောက်ပစ်ကျင်း ၅၀ ကျင်း၊ နှစ်ယောက်ပစ်ကျင်း ငါးကျင်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

?bph6