ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးေတြကို ဒုတိယအႀကိမ္ အခမဲ႔ ခြဲစိတ္ကုသ

0
286

ၿမိတ္ၿမိဳ႕မွာ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ေတြကို ဒုတိယအႀကိမ္ အခမဲ႔ ခြဲစိတ္ကုသ ေပးေနပါတယ္။ ဒီသတင္းကို MCN ၿမိတ္ သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး သက္ေနာင္စုိးက တင္ဆက္ေပးထားပါတယ္။

ၿမိတ္ၿမိဳ႕ ဒကၡိဏဒီပါေဆးရုံႀကီးမွာ ဇန္နဝါရီလ ၁၄ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိ ေမြးရာပါ ႏႈတ္ခမ္းကြဲနဲ႔ အာေခါင္ကြဲ ေဝဒနာရွင္ကေလးငယ္ေတြကို ဒုတိယအႀကိမ္ အခမဲ႔ ခြဲစိတ္ေပးေနပါတယ္။

အဲဒီ ခြဲစိတ္မႈကို ဒကၡိဏဒီပါ ေဖာင္ေဒးရွင္းနဲ႔ Alliance for Smiles non-profit organization တို႔ ပူးေပါင္းၿပီး ခြဲစိတ္ေပးေနတာပါ။

Soundbite ေဒၚခိုင္သဥၨာဝင္း (လူထုဆက္ဆံေရးတာဝန္ခံ) ဒကၡိဏဒီပါေဆးရံုႀကီး

အဲဒီလို ခြဲစိတ္ဖို႔အတြက္ တနသၤာရီတိုင္းေဒသႀကီးအတြင္းက စာရင္းေပးသြင္းထားတဲ႔ ဦးေရ ၈၀ ေက်ာ္ ရွိေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ ခြဲစိတ္ကုသမႈ ခံယူဖို႔ နယ္ေဝးက လာေရာက္သူေတြကို ခရီးစရိတ္နဲ႔ ေနထိုင္စားေသာက္စရိတ္ေတြကိုပါ ဒကၡိဏဒီပါ ေဖာင္ေဒးရွင္းက ကူညီေပးထားတာ ျဖစ္ပါတယ္။

Soundbite ေဒၚေဟမာေမာင္ေမာင္ (ဥကၠ႒)
Rotary Club Of Yangon

ၿပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္က ေမြးရာပါ ႏႈတ္ခမ္းကြဲနဲ႔ အာေခါင္ကြဲကေလးငယ္ ၇၀ ေက်ာ္ကို ဒကၡိဏဒီပါေဆးရုံႀကီးမွာ ပထမဆုံးအႀကိမ္ ခြဲစိတ္ကုသမႈ ေပးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

မြိတ်မြို့မှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသ ပေးနေပါတယ်။ ဒီသတင်းကို MCN မြိတ် သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။

မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံကြီးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မွေးရာပါ နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်တွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ပေးနေပါတယ်။

အဲဒီ ခွဲစိတ်မှုကို ဒက္ခိဏဒီပါ ဖောင်ဒေးရှင်းနဲ့ Alliance for Smiles non-profit organization တို့ ပူးပေါင်းပြီး ခွဲစိတ်ပေးနေတာပါ။

Soundbite ဒေါ်ခိုင်သဉ္ဇာဝင်း (လူထုဆက်ဆံရေးတာဝန်ခံ) ဒက္ခိဏဒီပါဆေးရုံကြီး

အဲဒီလို ခွဲစိတ်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းက စာရင်းပေးသွင်းထားတဲ့ ဦးရေ ၈၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ခွဲစိတ်ကုသမှု ခံယူဖို့ နယ်ဝေးက လာရောက်သူတွေကို ခရီးစရိတ်နဲ့ နေထိုင်စားသောက်စရိတ်တွေကိုပါ ဒက္ခိဏဒီပါ ဖောင်ဒေးရှင်းက ကူညီပေးထားတာ ဖြစ်ပါတယ်။

Soundbite ဒေါ်ဟေမာမောင်မောင် (ဥက္ကဋ္ဌ)
Rotary Club Of Yangon

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မွေးရာပါ နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲကလေးငယ် ၇၀ ကျော်ကို ဒက္ခိဏဒီပါဆေးရုံကြီးမှာ ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှု ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6