ေလထုညစ္ညမ္းမႈ ျမန္မာႏိုင္ငံကိုလည္း သက္ေရာက္မႈ ရွိ

0
456

အိႏၵိယႏိုင္ငံဟာ ေလထုညစ္ညမ္းမႈ ျပႆနာ ႀကံဳေနရခ်ိန္ အဲဒီျပႆနာဟာ အေရွ႕ဘက္ အင္ဒိုခ်ိဳင္းနားကိုလည္း ပ်ံ႕ႏွံ႔လာၿပီး ျမန္မာ၊ ထိုင္း၊ လာအိုနဲ႔ ဗီယက္နမ္တို႔ကိုလည္း သက္ေရာက္မႈ ရွိေနပါတယ္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ေလထု ညစ္ညမ္းမႈ ဆိုးရြားလာတဲ့အတြက္ အစိုးရက ကိုင္တြယ္ရတဲ့ အေျခအေန ေရာက္လာၿပီး ေဒသတြင္းရွိ လူ တစ္သန္းအေပၚ သက္ေရာက္ႏိုင္မႈကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ မေန႔ ဇန္နဝါရီလ ၁၄ ရက္ ဘန္ေကာက္မွာ ေလထု အရည္အေသြးဟာ က်န္းမာေရးကို ထိခိုက္ႏိုင္တဲ့အဆင့္ ေရာက္ေနပါတယ္။

အင္ဒိုခ်ိဳင္းနား ေဒသရဲ႕ ေျခာက္ေသြ႔တဲ့ရာသီဟာ ဇန္နဝါရီလကေန ဧၿပီလအထိ ရွိတာမို႔ မိုးရြာသြန္းမႈလည္း ရွိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေလထုညစ္ညမ္းမႈ ဆက္လက္ ျဖစ္ေပၚေစၿပီး အႏၱရာယ္ရွိတဲ့အဆင့္ကို ေရာက္ရွိႏိုင္တယ္လို႔ AccuWeather မွာ ေဖာ္ျပထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

လေထုညစ်ညမ်းမှု မြန်မာနိုင်ငံကိုလည်း သက်ရောက်မှု ရှိ

အိန္ဒိယနိုင်ငံဟာ လေထုညစ်ညမ်းမှု ပြဿနာ ကြုံနေရချိန် အဲဒီပြဿနာဟာ အရှေ့ဘက် အင်ဒိုချိုင်းနားကိုလည်း ပျံ့နှံ့လာပြီး မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့ကိုလည်း သက်ရောက်မှု ရှိနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေထု ညစ်ညမ်းမှု ဆိုးရွားလာတဲ့အတွက် အစိုးရက ကိုင်တွယ်ရတဲ့ အခြေအနေ ရောက်လာပြီး ဒေသတွင်းရှိ လူ တစ်သန်းအပေါ် သက်ရောက်နိုင်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ မနေ့ ဇန်နဝါရီလ ၁၄ ရက် ဘန်ကောက်မှာ လေထု အရည်အသွေးဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့် ရောက်နေပါတယ်။

အင်ဒိုချိုင်းနား ဒေသရဲ့ ခြောက်သွေ့တဲ့ရာသီဟာ ဇန်နဝါရီလကနေ ဧပြီလအထိ ရှိတာမို့ မိုးရွာသွန်းမှုလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် လေထုညစ်ညမ်းမှု ဆက်လက် ဖြစ်ပေါ်စေပြီး အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ AccuWeather မှာ ဖော်ပြထားပါတယ်။

?bph6