ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ကင္ဆာကုသေဆာင္သစ္ ဖြင့္လွစ္

0
468

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ကင္ဆာကုသေဆာင္သစ္ (၅) ထပ္ အေဆာက္အဦ ဖြင့္ပြဲအခမ္းအနားကို မေန႔ ဇန္နဝါရီလ ၁၃ ရက္မွာ က်င္းပပါတယ္။

ယခင္ ကင္ဆာေရာဂါကုသေဆာင္ အေဟာင္းဟာ ခုတင္ ၈၀ ဆံ့သာ ရွိခဲ့ေပမယ့္ ေဆး႐ုံမွာ ေန႔စဥ္ကုသေပးေနရတဲ့ ကင္ဆာလူနာဟာ ၁၈၀ ကေန ၂၀၀ ဦးအထိရွိခဲ့ေၾကာင္း။ အခု ကင္ဆာ ကုသေဆာင္သစ္ႀကီးဟာ ခုတင္ ၃၂၀ ဆံ့ၿပီး ကင္ဆာေရာဂါ ကုသမႈ ေဆးနဲ႔ ေဆးပစၥည္း ကိရိယာေတြလည္း လုံေလာက္စြာ ပံ့ပိုးထားေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ဖြင့္ပြဲမွာ ေျပာပါတယ္။

ကင္ဆာကုသေဆာင္သစ္ ေဆာက္လုပ္ဖို႔အတြက္ ႏိုင္ငံေတာ္အစိုးရက ဘ႑ာေငြ က်ပ္သန္း ၃၂၀၀ ခြင့္ျပဳေပးခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ် (၅) ထပ် အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို မနေ့ ဇန်နဝါရီလ ၁၃ ရက်မှာ ကျင်းပပါတယ်။

ယခင် ကင်ဆာရောဂါကုသဆောင် အဟောင်းဟာ ခုတင် ၈၀ ဆံ့သာ ရှိခဲ့ပေမယ့် ဆေးရုံမှာ နေ့စဉ်ကုသပေးနေရတဲ့ ကင်ဆာလူနာဟာ ၁၈၀ ကနေ ၂၀ဝ ဦးအထိရှိခဲ့ကြောင်း။ အခု ကင်ဆာ ကုသဆောင်သစ်ကြီးဟာ ခုတင် ၃၂၀ ဆံ့ပြီး ကင်ဆာရောဂါ ကုသမှု ဆေးနဲ့ ဆေးပစ္စည်း ကိရိယာတွေလည်း လုံလောက်စွာ ပံ့ပိုးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖွင့်ပွဲမှာ ပြောပါတယ်။

ကင်ဆာကုသဆောင်သစ် ဆောက်လုပ်ဖို့အတွက် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေ ကျပ်သန်း ၃၂၀ဝ ခွင့်ပြုပေးခဲ့ပါတယ်။

?bph6