ရခုိင္စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ေရးအတြက္ ရိကၡာပိတ္ဆို႔တာေတြမလုပ္ဖို႔ ညိွႏိႈင္း

0
443

ရခုိင္ေဒသခံစစ္ေဘးေရွာင္ေတြ ေနရပ္ကိုျပန္ႏုိင္ေရးအတြက္ ရိကၡာပိတ္ဆို႔ထားတာေတြကို မလုပ္ဖုိ႔ တပ္မေတာ္နဲ႔ညွိႏိႈင္းမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို NCN ရခုိင္ျပည္နယ္သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းကေနစတင္ၿပီးေတာ့ျဖစ္ပြားေနတဲ့ ျမန္မာ့တပ္မေတာ္နဲ႔ AA တုိ႔ရဲ႕ ႏွစ္ဖက္တိုက္ပြဲေတြၾကားမွာ ေနေရးထိုင္ေရး စားေရးေသာက္ေရးအခက္အခဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးလာခဲ့ ၾကသူ ၅၀၀၀ ေက်ာ္ထိရွိေနၿပီျဖစ္ပါတယ္။

ဒါ့အျပင္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ယိုးေခ်ာင္းအထက္ပိုင္းေဒသေတြကို တပ္မေတာ္က ရိကၡာသယ္ယူခြင့္ပိတ္ဆို႔ထားတာေတြရွိေနၿပီး အဲဒီထြက္ေျပးေရာက္ရွိေနၾကတဲ့ ေဒသခံေတြမိမိေနရပ္ကို ျပန္ႏုိင္ေရးအတြက္ အစိုးရအေနနဲ႔ရိကၡာသယ္ယူခြင့္ျပဳေပးႏုိင္ဖုိ႔ တပ္မေတာ္နဲ႔ညွိႏိႈင္းမႈေတြ ျပဳလုပ္သြား မွာျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

Sound bite – ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္း၊ ကယ္္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

လက္ရွိျဖစ္ပြားေနတဲ့တိုက္ပြဲေတြကို အဆံုးသတ္ေပးဖုိ႔လိုအပ္သလို ရိကၡာေတြကို သယ္ယူခြင့္ျပဳေပးဖုိ႔လိုအပ္ၿပီး တုိင္းရင္းသားေဒသခံေတြကို ပညာေရး၊စီးပြားေရးအစစအဆင္ေျပေအာင္ ထားေပးေစခ်င္တယ္လို႔ စစ္ေဘးေရွာင္အမ်ိဳးသမီးေတြက ေျပာပါတယ္ ။

Sound bite – မမလွဝင္း (ဝါးေတာင္ စစ္ေဘးေရွာင္စခန္း)

ဒါ့အျပင္ အဲဒီထြက္ေျပးလာခဲ့ၾကသူေတြဟာ ေတာင္ေပၚေနတိုင္းရင္းသားေတြျဖစ္ၾကၿပီး ေတာေတာင္ေတြကို အမွီျပဳေနၾကရသူေတြျဖစ္တာေၾကာင့္ လက္ရွိမွာတိုက္ပြဲေတြၾကားထဲ ေတာေတာင္ေတြကိုသြားလာဖုိ႔ အခက္အခဲရွိေနတဲ့အတြက္ စားဝတ္ေနေရးအဆင္မေျပမႈေတြလည္းရွိေနတာျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္ခင္ဗ်ာ။

ရခိုင်ဒေသခံစစ်ဘေးရှောင်တွေ နေရပ်ကိုပြန်နိုင်ရေးအတွက် ရိက္ခာပိတ်ဆို့ထားတာတွေကို မလုပ်ဖို့ တပ်မတော်နဲ့ညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို NCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေစတင်ပြီးတော့ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြားမှာ နေရေးထိုင်ရေး စားရေးသောက်ရေးအခက်အခဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ ကြသူ ၅၀ဝ၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသတွေကို တပ်မတော်က ရိက္ခာသယ်ယူခွင့်ပိတ်ဆို့ထားတာတွေရှိနေပြီး အဲဒီထွက်ပြေးရောက်ရှိနေကြတဲ့ ဒေသခံတွေမိမိနေရပ်ကို ပြန်နိုင်ရေးအတွက် အစိုးရအနေနဲ့ရိက္ခာသယ်ယူခွင့်ပြုပေးနိုင်ဖို့ တပ်မတော်နဲ့ညှိနှိုင်းမှုတွေ ပြုလုပ်သွား မှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Sound bite – ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို အဆုံးသတ်ပေးဖို့လိုအပ်သလို ရိက္ခာတွေကို သယ်ယူခွင့်ပြုပေးဖို့လိုအပ်ပြီး တိုင်းရင်းသားဒေသခံတွေကို ပညာရေး၊စီးပွားရေးအစစအဆင်ပြေအောင် ထားပေးစေချင်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ပြောပါတယ် ။

Sound bite – မမလှဝင်း (ဝါးတောင် စစ်ဘေးရှောင်စခန်း)

ဒါ့အပြင် အဲဒီထွက်ပြေးလာခဲ့ကြသူတွေဟာ တောင်ပေါ်နေတိုင်းရင်းသားတွေဖြစ်ကြပြီး တောတောင်တွေကို အမှီပြုနေကြရသူတွေဖြစ်တာကြောင့် လက်ရှိမှာတိုက်ပွဲတွေကြားထဲ တောတောင်တွေကိုသွားလာဖို့ အခက်အခဲရှိနေတဲ့အတွက် စားဝတ်နေရေးအဆင်မပြေမှုတွေလည်းရှိနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်ခင်ဗျာ။

?bph6