ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြအတြက္ က်ပ္သိန္းေပါင္းေလးရာေက်ာ္ ေထာက္ပံ့

0
107

ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြအတြက္ က်ပ္သိန္းေပါင္းေလးရာေက်ာ္ ေထာက္ပံ့ေပးခဲ့ပါတယ္။ ဒီသတင္း ကို MCN ရခို္င္ျပည္နယ္သတင္းေထာက္ မင္္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ စစ္ပြဲေတြေၾကာင့္ ေနရပ္စြန္္႔ခြာထြက္ေျပးလာခဲ့ၾကတဲ့ ေဒသခံတုိင္းရင္းသား စစ္ေဘးေရွာင္ေတြအတြက္ ဇန္နဝါရီ ၁၁ ရက္ေန႔က လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက က်ပ္သိန္းေပါင္း ေလးရာေက်ာ္ဖုိးရွိတဲ့ ဆန္နဲ႔အသံုး အေဆာင္ပစၥည္းေတြကို ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။

ဒုကၡခံစားေနရတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအေနနဲ႔ လိုအပ္ေနတဲ့အေျခအေနေတြကို အစိုးရ အေနနဲ႔သေဘာေပါက္ေၾကာင္းနဲ႔ ျပန္လည္ေနရာခ်ထားမႈေတြကို စနစ္တက်မေဆာင္ရြက္ႏုိင္ခင္မွာ လိုအပ္တဲ့ အေထာက္အပံ့ေတြကို လာေရာက္ေပးအပ္တာျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ႔ပါတယ္။

Sornd bite – ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

ဒါ့အျပင္ အစိုးရနဲ႔ NGO အဖြဲ႔အစည္းေတြက ေထာက္ပံ့မေပးဘူးဆိုရင္ ေရရွည္မွာ အခက္အခဲ ေတြျဖစ္လာႏုိင္ေၾကာင္းနဲ႔ လက္ရွိမွာ ေနေရးထုိင္ေရးအခက္အခဲေတြရွိေနၿပီး ေထာက္ပ့ံေပးတာ ေတြကိုပဲ မွ်မွ်တတစားေသာက္ေနၾကရတယ္လို႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္။

Sound bite – ဦးလွေမာင္သိန္း (အထက္သင္းပုန္းတန္း စစ္ေဘးေရွာင္စခန္း)

အစိုးရအေနနဲ႔ အခက္အခဲနဲ႔ရင္ဆိုင္ေနၾကရတဲ့ ရခိုင္တုိင္းရင္းသားေတြရဲ႕ စိုးရိမ္ပူပန္မႈေတြကို ေပါ့ေပါ့တန္တန္မထားေၾကာင္းနဲ႔ ဖြံ႔ၿဖိဳးတိုးတက္မႈေတြကို အခ်ိန္တုိအတြင္း မွာရရွိလာေစဖုိ႔ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့တာပါ။

Sornd bite – ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

စစ္ေဘးေရွာင္ေတြျပည္သူေတြက စားနပ္ရိကၡာေတြကို ေထာက္ပံ့ေပးတာထက္ မိမိတို႔ရဲ႕ ေနရပ္ကို အျမန္ဆံုးျပန္ႏုိင္ေရးအတြက္ စစ္ပြဲေတြကိုအျမန္ဆံုးခ်ဳပ္ၿငိမ္းဖုိ႔အတြက္ လိုလားေနၾကတာျဖစ္ပါတယ္ ခင္ဗ်ာ။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်းပေါင်းလေးရာကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီသတင်း ကို MCN ရခိ်ုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံတိုင်းရင်းသား စစ်ဘေးရှောင်တွေအတွက် ဇန်နဝါရီ ၁၁ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ်သိန်းပေါင်း လေးရာကျော်ဖိုးရှိတဲ့ ဆန်နဲ့အသုံး အဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒုက္ခခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့အခြေအနေတွေကို အစိုးရ အနေနဲ့သဘောပေါက်ကြောင်းနဲ့ ပြန်လည်နေရာချထားမှုတွေကို စနစ်တကျမဆောင်ရွက်နိုင်ခင်မှာ လိုအပ်တဲ့ အထောက်အပံ့တွေကို လာရောက်ပေးအပ်တာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

Sornd bite – ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဒါ့အပြင် အစိုးရနဲ့ NGO အဖွဲ့အစည်းတွေက ထောက်ပံ့မပေးဘူးဆိုရင် ရေရှည်မှာ အခက်အခဲ တွေဖြစ်လာနိုင်ကြောင်းနဲ့ လက်ရှိမှာ နေရေးထိုင်ရေးအခက်အခဲတွေရှိနေပြီး ထောက်ပံ့ပေးတာ တွေကိုပဲ မျှမျှတတစားသောက်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

Sound bite – ဦးလှမောင်သိန်း (အထက်သင်းပုန်းတန်း စစ်ဘေးရှောင်စခန်း)

အစိုးရအနေနဲ့ အခက်အခဲနဲ့ရင်ဆိုင်နေကြရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ပေါ့ပေါ့တန်တန်မထားကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အချိန်တိုအတွင်း မှာရရှိလာစေဖို့ ကြိုးစားဆောင်ရွက်နေကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့တာပါ။

Sornd bite – ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

စစ်ဘေးရှောင်တွေပြည်သူတွေက စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးတာထက် မိမိတို့ရဲ့ နေရပ်ကို အမြန်ဆုံးပြန်နိုင်ရေးအတွက် စစ်ပွဲတွေကိုအမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် လိုလားနေကြတာဖြစ်ပါတယ် ခင်ဗျာ။

?bph6