ပါတီစုံဒီမိုကေရစီႏိုင္ငံကို တည္ေဆာက္တဲ႔ေနရာမွာ ႏိုင္ငံေရးပါတီေတြ အားေကာင္းဖို႔လို

0
677

ပါတီစုံဒီမိုကေရစီႏိုင္ငံကို တည္ေဆာက္တဲ႔ေနရာမွာ ႏိုင္ငံေရးပါတီေတြ အားေကာင္းဖို႔လိုတယ္လို႔ ျပည္သူ႔ပါတီဥကၠ႒က ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

၈၈ မ်ိဳးဆက္ေတြနဲ႔ ႏုိင္ငံေရးအင္အားစုေတြ ပါဝင္တည္ေထာင္ထားတဲ႔ ျပည္သူ႔ပါတီ ဗဟုိဌာနခ်ဳပ္ကုိ ၿပီးခဲ႔တဲ႔ႏွစ္ ႏုိဝင္ဘာလက ရန္ကုန္ၿမိဳ႕မွာ ဖြင့္လွစ္ခဲ႔ၿပီး ျပည္သူ႔ပါတီရုံးေတြကို ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာ ဖြင့္လွစ္ေနတာ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၂ ရက္ေန႔ က စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံရြာၿမိဳ႕ရွိ နတ္တလူထိပ္ပန္ရပ္ကြက္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ျပည္သူ႔ပါတီရုံးဖြင့္ပြဲ အခမ္းအနားျပဳလုပ္ၿပီး၊ ပါတီစုံဒီမိုကေရစီႏိုင္ငံကို တည္ေဆာက္တဲ႔ ေနရာမွာ ႏိုင္ငံေရးပါတီေတြ အားေကာင္းဖို႔လိုတယ္လို႔ ျပည္သူ႔ပါတီဥကၠ႒က ေျပာပါတယ္။

Soundbite ဦးကိုကိုႀကီး (ဥကၠ႒) ျပည္သူ႔ပါတီဗဟို

ဒါ့အျပင္ ျပည္သူ႔ပါတီအေနနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးက လယ္ယာေျမ ျပႆနာေတြ၊ မူးယစ္ေဆးဝါး ျပႆနာေတြနဲ႔ တိုင္းရင္းသား လူမ်ိဳးစုေတြရဲ႕ အခက္အခဲေတြကို မဟာမိတ္ပါတီေတြနဲ႔ ပူးေပါင္းေျဖရွင္းသြားမယ္လို႔ ေျပာပါတယ္။

Soundbite ဦးစိုးဝင္းေဆြ (ဥကၠ႒) စစ္ကိုင္းတိုင္းေဒသႀကီး၊ ျပည္သူ႔ပါတီ

စစ္ကိုင္းတိုင္းေဒသႀကီး ျပည္သူ႔ပါတီအလုပ္မႈေဆာင္အဖြဲ႔ကို ဥကၠ႒ ၊ ဒုတိယဥကၠ႒ ေတြ အပါအဝင္ စုစုေပါင္း ၁၄ ဦးနဲ႔ ဖြဲ႔စည္းထားၿပီး၊ လက္ရွိမွာ ပါတီဝင္အဆုိျပဳလႊာ တစ္ေထာင္ေက်ာ္ ရွိေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ပါတီစုံဒီမိုကရေစီနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေ အားကောင်းဖို့လိုတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်တည်ထောင်ထားတဲ့ ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ပါတီရုံးတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နတ်တလူထိပ်ပန်ရပ်ကွက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ပါတီရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်ပြီး၊ ပါတီစုံဒီမိုကရေစီနိုင်ငံကို တည်ဆောက်တဲ့ နေရာမှာ နိုင်ငံရေးပါတီတွေ အားကောင်းဖို့လိုတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောပါတယ်။

Soundbite ဦးကိုကိုကြီး (ဥက္ကဋ္ဌ) ပြည်သူ့ပါတီဗဟို

ဒါ့အပြင် ပြည်သူ့ပါတီအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက လယ်ယာမြေ ပြဿနာတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခက်အခဲတွေကို မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

Soundbite ဦးစိုးဝင်းဆွေ (ဥက္ကဋ္ဌ) စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ပါတီ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ပါတီအလုပ်မှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ တွေ အပါအဝင် စုစုပေါင်း ၁၄ ဦးနဲ့ ဖွဲ့စည်းထားပြီး၊ လက်ရှိမှာ ပါတီဝင်အဆိုပြုလွှာ တစ်ထောင်ကျော် ရှိနေတာ ဖြစ်ပါတယ် ခင်ဗျာ။