ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေတြကို တရားမွ်တမႈၿပီး အဂတိကင္းရွင္းေအာင္ ခ်ီးျမႇင့္မယ္

0
360

၂ဝ၁၈ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေတြ ကို အမွန္ တရား၊ တရားမွ်တမႈေတြနဲ႔ ပိုမိုနီးစပ္ၿပီး အဂတိတရား ကင္းရွင္းေအာင္ ခ်ီးျမႇင့္သြားႏိုင္ဖို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးအေနနဲ႔ ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးဇင္ဝိုင္းက ေျပာပါတယ္။

ဇန္န၀ါရီလ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရွိ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး (MMPO) ႐ုပ္ရွင္႐ုံမွာ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။
ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးအေနနဲ႔ အခုႏွစ္က စတင္ၿပီး ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေတြ ခ်ီးျမႇင့္ေရး၊ စည္းမ်ဥ္း စည္းကမ္းေတြ ျပန္လည္သုံးသပ္ေရးဆြဲေရးေကာ္မတီ တစ္ရပ္ကို ႐ုပ္ရွင္ေလာကသားေတြ ထဲက ရွစ္လႊာေသာ ပညာရွင္ေပါင္း ၁ဝဝ နဲ႔ ဖြဲ႕စည္းခဲ့ကာ ေရးဆြဲခဲ့ၿပီး ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေတြကို အမွန္တရားနဲ႔ ပိုမိုနီးစပ္ ေအာင္၊ တရားမွ်တမႈရွိေအာင္၊ အဂတိတရားမ်ား ကင္းရွင္းေအာင္ ႐ုပ္ရွင္ေလာကသားေတြ စုေပါင္းၿပီး အစည္းအေဝးေပါင္း ၂၁ ႀကိမ္ျပဳ လုပ္ကာ ညႇိႏႈိင္းေဆြးေႏြးသုံးသပ္ၿပီး ပယ္သင့္တာေတြကုိ ပယ္ၿပီး ျဖည့္သင့္တာေတြကို ျဖည့္ဆည္း ေဆာင္ရြက္ခဲ့ထားၿပီးလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို တရားမျှတမှုပြီး အဂတိကင်းရှင်းအောင် ချီးမြှင့်မယ်

၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေ ကို အမှန် တရား၊ တရားမျှတမှုတွေနဲ့ ပိုမိုနီးစပ်ပြီး အဂတိတရား ကင်းရှင်းအောင် ချီးမြှင့်သွားနိုင်ဖို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO) ရုပ်ရှင်ရုံမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ အခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေ ချီးမြှင့်ရေး၊ စည်းမျဉ်း စည်းကမ်းတွေ ပြန်လည်သုံးသပ်ရေးဆွဲရေးကော်မတီ တစ်ရပ်ကို ရုပ်ရှင်လောကသားတွေ ထဲက ရှစ်လွှာသော ပညာရှင်ပေါင်း ၁ဝဝ နဲ့ ဖွဲ့စည်းခဲ့ကာ ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို အမှန်တရားနဲ့ ပိုမိုနီးစပ် အောင်၊ တရားမျှတမှုရှိအောင်၊ အဂတိတရားများ ကင်းရှင်းအောင် ရုပ်ရှင်လောကသားတွေ စုပေါင်းပြီး အစည်းအဝေးပေါင်း ၂၁ ကြိမ်ပြု လုပ်ကာ ညှိနှိုင်းဆွေးနွေးသုံးသပ်ပြီး ပယ်သင့်တာတွေကို ပယ်ပြီး ဖြည့်သင့်တာတွေကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့ထားပြီးလည်း ဖြစ်ပါတယ်။