
0
89




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အယူခံဝင်တာကို တရားရုံးက ပလပ်

ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ Reuters သတင်းထောက်နှစ်ယောက် ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အယူခံဝင်တာကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးကနေ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။

ရန်ကုန်တရားရုံးချုပ်က တရားသူကြီး ဦးအောင်နိုင်ကတော့ ထောင်ဒဏ် ၇ နှစ်ဟာ သင့်တော်တဲ့ပြစ်ဒဏ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တင်ပြခဲ့တဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံတယ်ဆိုပြီး ပယ်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲက ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အခုလို ပယ်ချခဲ့တဲ့အတွက် ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၇ နှစ်ကို ဆက်လက်ကျခံ ရမှာဖြစ်ပါတယ်။

?bph6