
0
249




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်အကိုင်အခွင့်အလမ်းပေါင်း၂,၂၀ဝ ကျော် ဖန်တီးပေးနိုင်မယ့် လုပ်ငန်း (၉) ခု MIC ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂၂၇ ဦးအတွက် ဖန်တီးပေး နိုင်မယ့် လုပ်ငန်း ၉ ခုကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ်မှာပထမဆုံးအကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေအနေနဲ့ အသားထုပ်ပိုးခြင်းလုပ်ငန်း၊ ဆန်နှင့် ဆန် ဆက်စပ်ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခြင်း လုပ်ငန်း၊ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ LPG တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်း နှင့် မော်တော်ယာဉ် စက်ပြင်သင်တန်း ကျောင်း လုပ်ငန်းတို့ ပါဝင်တာ ဖြစ်ပါတယ်။

?bph6