
0
401




 

>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကို ယူနီယံဓမ္မတ တက္ကသိုလ် (UBS) က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ပါတယ်။

”လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ဖြစ်တာက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရုံသာမက ဒီနေရာကနေ မြန်မာနိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်နေသူ တစ်ဦးဖြစ်ပြီး လူမှုရေးအပိုင်းများမှာလည်း နွမ်းပါးသူတွေကို ပံ့ပိုးကူညီမှုတွေ အများအပြားရှိခဲ့တာကြောင့်ဖြစ်ပါတယ်” လို့ ယူနီယံဓမ္မတ တက္ကသိုလ် ဥက္ကဋ္ဌ  Dr. Morris Remlal Liana က ပြောပါတယ်။

ဘွဲ့နှင်းသဘင် အခမ်းအနားကို မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Methodist English Church မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် ခြောက်ဦးကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။