ဒေသတွင်းမီဒီယာတွေအနေနဲ့ ထောက်ပံ့မှုတွေမရတာကြောင့် ဖွံ့ဖြိုးရေးအတွက်လုပ်နိုင်တာမရှိလို့ပြော

0
112



ဇန်နဝါရီလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ Development Media Group တည်ထောင်ခြင်း ၇ နှစ်ပြည့်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး အဲဒီအခမ်းအနားမှာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။





ဒေသတွင်းမီဒီယာတွေအနေနဲ့ ထောက်ပံ့ကူညီမှုတွေမရရှိတာကြောင့် ရှင်သန်ရုံအနေအထားပဲ ရပ်တည်နေရတာပြီး ဖွံ့ဖြိုးရေးအတွက်လုပ်နိုင်တာမရှိဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group ကပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသတွင်းမီဒီယာတွေဟာ အထောက်အပံ့အကူအညီတွေမရရှိတာကြောင့် ဌာနရှင်သန်ရုံအနေအထားပဲ ရပ်တည်နေကြရပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးနိုင်တာမရှိဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group က ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က ရခိ်ုင်ပြည်နယ်အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ Development Media Group တည်ထောင်ခြင်း ၇ နှစ်ပြည့်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး အဲဒီအခမ်းအနားမှာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။

အင်တာဗျူး – ဦးအောင်မင်းဦး (အမှုဆောင်ဒါရိုက်တာ)
Development Media Group

လက်ရှိမှာ ဒေသခံပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ရပ်တည်နေရတာဖြစ်တဲ့အတွက် အထောက်အပံ့ရရှိမှုတွေ နည်းပါးလာတာကြောင့် သတင်းထုတ်လုပ်မှုအပိုင်းတွေကိုပါ ရပ်နားခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဦးအောင်မင်းဦး (အမှုဆောင်ဒါရိုက်တာ)
Development Media Group

ဒါ့အပြင် အရင်က ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့မီဒီယာတွေ အများအပြားရှိခဲ့ကြပေမယ့် ထောက်ပံ့ကူညီမှုတွေ မရရှိတာကြောင့် ရေရှည်မရပ်တည်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့ကြရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသတွင်းက မီဒီယာတွေကိုလည်း အကူအညီပေးဖို့လိုအပ်တယ်လို့ ဦးအောင်မင်းဦးက ပြောပါတယ် ခင်ဗျား။

?bph6