စင္ကာပူဆက္သြယ္ေရး ကုမၸဏီ Singtel က ေငြလႊဲ ဝန္ေဆာင္မႈ ေပးမယ္

0
1026

စင္ကာပူ တယ္လီကြန္ျမဴနစ္ေကး႐ွင္း ကုမၸဏီတစ္ခုျဖစ္တဲ့ Singtel ဟာ Dash  pay ဆိုတဲ့ ဖုန္း အပလီေကး႐ွင္း တစ္ခုကို အသံုးျပဳၿပီး အြန္လိုင္းကေန ေငြလႊဲႏုိင္ဖို႔အတြက္ ကုလသမဂၢဆုိင္ရာ ၿမိဳ႕ျပတုိးတက္ေရးအဖြဲ႔ (UNCDF) ကေန ၃ ႏွစ္ သေဘာတူညီခ်က္ ရ႐ွိခဲ့ပါတယ္။

အခုလုိ သေဘာတူညီခ်က္ ရ႐ွိခဲ့တဲ့အတြက္ စင္ကာပူမွာ႐ွိတဲ့  ျမန္မာႏိုင္ငံသား ၁ သိန္း ၈ ေသာင္းေက်ာ္ဟာ ေငြလႊဲျခင္း၊ ေငြပို႔ျခင္းေတြကို အဆင္ေျပေျပ ျပဳလုပ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္ဟာ UNCDF ရဲ႕ ေငြေၾကးတိုးတက္ေျပာင္းလဲေရး အစီအစဥ္ရဲ႕ တစိတ္တပိုင္းျဖစ္ၿပီး အခု သေဘာတူညီခ်က္ရဲ႕ ကုန္က်မႈကိုေတာ့ ေဖာ္ျပျခင္း မရွိပါဘူး။

Singtel ဟာ  အြန္လိုင္းကေန ဘဏ္ေတြကို ေငြေပးေခ်တာေတြ၊ မိုဘုိင္းဖုန္းေတြကေန ေငြေပးေခ်တာေတြနဲ႔ ေငြလႊဲတဲ့ ဝန္ေဆာင္မႈေတြကို ျမန္မာႏုိင္ငံမွာ အေျခခ်ဖို႔ စီစဥ္ေနတာလည္းျဖစ္ၿပီး အင္ဒိုနီး႐ွား၊ ဖိလစ္ပိုင္၊ အိႏိၵယ၊ ဘဂၤလားေဒ့႐ွ္ နဲ႔ တ႐ုတ္ႏုိင္ငံေတြကိုလည္း ကမ္းလွမ္းထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

စင်ကာပူဆက်သွယ်ရေး ကုမ္ပဏီ Singtel က ငွေလွှဲ ဝန်ဆောင်မှု ပေးမယ်

စင်ကာပူ တယ်လီကွန်မြူနစ်ကေးရှင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Singtel ဟာ Dash  pay ဆိုတဲ့ ဖုန်း အပလီကေးရှင်း တစ်ခုကို အသုံးပြုပြီး အွန်လိုင်းကနေ ငွေလွှဲနိုင်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ မြို့ပြတိုးတက်ရေးအဖွဲ့ (UNCDF) ကနေ ၃ နှစ် သဘောတူညီချက် ရရှိခဲ့ပါတယ်။

အခုလို သဘောတူညီချက် ရရှိခဲ့တဲ့အတွက် စင်ကာပူမှာရှိတဲ့  မြန်မာနိုင်ငံသား ၁ သိန်း ၈ သောင်းကျော်ဟာ ငွေလွှဲခြင်း၊ ငွေပို့ခြင်းတွေကို အဆင်ပြေပြေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ UNCDF ရဲ့ ငွေကြေးတိုးတက်ပြောင်းလဲရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး အခု သဘောတူညီချက်ရဲ့ ကုန်ကျမှုကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

Singtel ဟာ  အွန်လိုင်းကနေ ဘဏ်တွေကို ငွေပေးချေတာတွေ၊ မိုဘိုင်းဖုန်းတွေကနေ ငွေပေးချေတာတွေနဲ့ ငွေလွှဲတဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာ အခြေချဖို့ စီစဉ်နေတာလည်းဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတွေကိုလည်း ကမ်းလှမ်းထားပါတယ်။