
0
419




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ-ဂျပန် ဂီတပွဲတော် မြို့ကြီး သုံးမြို့မှာ ကျင်းပမယ်

မြန်မာ-ဂျပန်ဂီတပွဲတော် ”Myanmar National Symphony Orchestra with Japan Concert 2019” ကို ရန်ကုန်မြို့၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ ဖျော်ဖြေပွဲမှာ မြန်မာ့ရိုးရာဆိုင်းအပါအဝင် ဂျပန် ရိုးရာဂီတတွေလည်း ပါဝင်မှာဖြစ်ပြီး ဂီတပညာရှင် စုစုပေါင်း ၁၂၀ ကျော်နဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ဇန်နဝါရီလ ၁၈ ရက်၊ နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၂) မှာ ဇန်နဝါရီလ ၂၃ ရက်၊ မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံမှာ ဖေဖော်ဝါရီလ ၁၄ ရက်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

?bph6