႐ုပ္ရွင္ အကယ္ဒမီ ခ်ီးျမႇင့္ပြဲ မတ္ ၂၃ ရက္ေန႔ က်င္းပမယ္

0
56

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးက ေပးအပ္ခ်ီးျမႇင့္မယ့္ ၂ဝ၁၈ ခုႏွစ္အတြက္ အေကာင္းဆုံး ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု (အကယ္ဒမီ) ခ်ီးျမႇင့္ပြဲ အခမ္းအနားကို မတ္ ၂၃ ရက္ေန႔ ရန္ကုန္ၿမိဳ႕၊ ေရႊထြဋ္တင္ဝင္းမွာ က်င္းပမွာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ေျပာပါတယ္။

၂ဝ၁၈ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့တဲ့ ျမန္မာ့႐ုပ္ရွင္ဇာတ္ကား ၈၃ ကားကို ျမန္မာ့႐ုပ္ရွင္ အစည္းအ႐ုံး နာယကနဲ႔ ျပင္ပ ပညာရွင္ ၄၇ ဦး ပါဝင္တဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု စိစစ္အကဲျဖတ္ေရးအဖြဲ႔က အႀကိမ္ႀကိမ္ စိစစ္ကာ ဇာတ္ကားဆု၊ ဒါ႐ိုက္တာဆု၊ ႐ုပ္ရွင္ဓာတ္ပုံဆု၊ ဇာတ္ၫႊန္းဆု၊ အဓိက အမ်ဳိးသားဇာတ္ေဆာင္ဆု၊ အဓိက အမ်ဳိးသမီးဇာတ္ေဆာင္ဆု၊ အမ်ဳိးသား ဇာတ္ပို႔ဆု၊ အမ်ဳိးသမီး ဇာတ္ပို႔ဆု၊ ေနာက္ခံေတး ဂီတဆု၊ အသံဆု၊ တည္းျဖတ္ဆု စတဲ့ ထူးခြၽန္ဆုေတြ ေရြးခ်ယ္ ခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

ဒီဆု ၁၁ ဆုနဲ႔ ႐ုပ္ရွင္တစ္သက္တာဆု အပါအဝင္ အခုႏွစ္မွာ ထူးခြၽန္စြာတီထြင္ ဖန္တီးခဲ့ျခင္း မ်ဳိးရွိခဲ့ပါက အထူးဆု အေနနဲ႔ ကေလးသ႐ုပ္ေဆာင္ဆု၊ အဝတ္အစားအထူးဆု၊ မိတ္ကပ္ဆံပင္ အထူးဆု၊ VFX.Animation အထူးဆု၊ Sound Design အထူးဆုေတြကိုပါ ခ်ီးျမႇင့္ႏိုင္ဖို႔ စီစဥ္ထားတာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်ရှင် အကယ်ဒမီ ချီးမြှင့်ပွဲ မတ် ၂၃ ရက်နေ့ ကျင်းပမယ်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပေးအပ်ချီးမြှင့်မယ့် ၂ဝ၁၈ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၃ ရက်နေ့ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝင်းမှာ ကျင်းပမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကားကို မြန်မာ့ရုပ်ရှင် အစည်းအရုံး နာယကနဲ့ ပြင်ပ ပညာရှင် ၄၇ ဦး ပါဝင်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က အကြိမ်ကြိမ် စိစစ်ကာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ အဓိက အမျိုးသားဇာတ်ဆောင်ဆု၊ အဓိက အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ နောက်ခံတေး ဂီတဆု၊ အသံဆု၊ တည်းဖြတ်ဆု စတဲ့ ထူးချွန်ဆုတွေ ရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီဆု ၁၁ ဆုနဲ့ ရုပ်ရှင်တစ်သက်တာဆု အပါအဝင် အခုနှစ်မှာ ထူးချွန်စွာတီထွင် ဖန်တီးခဲ့ခြင်း မျိုးရှိခဲ့ပါက အထူးဆု အနေနဲ့ ကလေးသရုပ်ဆောင်ဆု၊ အဝတ်အစားအထူးဆု၊ မိတ်ကပ်ဆံပင် အထူးဆု၊ VFX.Animation အထူးဆု၊ Sound Design အထူးဆုတွေကိုပါ ချီးမြှင့်နိုင်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

?bph6