
0
58




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ထိုင်းအချုပ်က ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦး လွှဲပြောင်း

မြန်မာ – ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံက လာရောက် လွှဲပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ  အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံ နယ်စပ်ဒေသမြို့တွေကို ပြန်လည်လွှဲပြောင်း ပေးနေတာ ဖြစ်ပါတယ်။

လွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံနေတာလည်း ဖြစ်ပါတယ်။

?bph6