ရန္ကုန္တုိင္းေဒသႀကီး အစုိးရနဲ႔ Eleven Media Group ေျပလည္မႈရရွိ

0
526

ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕က အမႈဖြင့္ထားတဲ့ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္အပါအ၀င္ သုံးဦးကိစၥနဲ႔ ပတ္သက္ၿပီး မေန႔က ျမန္မာနုိင္ငံသတင္းမီဒီေကာင္စီရုံးခန္းမွာ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ေတြ႔ဆုံေဆြးေႏြးမႈအၿပီး ေျပလည္မႈရရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီလုိ ေဆြးေႏြးတဲ့အခါမွာ သတင္းစာမ်က္ႏွာမွာ ေက်လည္ေအာင္ ေျဖရွင္းေပးရမွာျဖစ္ေၾကာင္းနဲ႔ ေျဖရွင္း ေပးမယ့္စာကုိ စာၾကမ္းေရးသားၿပီး ၀န္ႀကီးခ်ဳပ္ဆီျပရမွာ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠ႒ ဦးအုန္းႀကိဳင္ကေျပာပါတယ္။

ေအာက္တုိဘာလ ၈ ရက္ေန႔ထုတ္ Eleven မီဒီယာမွာ အႀကီးတန္းအယ္ဒီတာ ၿဖိဳးေဝေရးသားခဲ့တဲ့ “အၿမဲ႐ႈံးေနတဲ့ စက္သံုးဆီဆုိင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔လူနာမည္ေပါက္ ျပည္သူ႔ရွယ္ယာ” သတင္းသုံးသပ္ခ်က္ေဆာင္းပါးဟာ ရန္ကုန္တုိင္းအစိုးရကို အၾကည္ညိဳ ပ်က္ေအာင္လုပ္တယ္ဆုိၿပီး ပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆုိခံခဲ့ရတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ Eleven Media Group ပြေလည်မှုရရှိ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့်ထားတဲ့ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ်အပါအဝင် သုံးဦးကိစ္စနဲ့ ပတ်သက်ပြီး မနေ့က မြန်မာနိုင်ငံသတင်းမီဒီကောင်စီရုံးခန်းမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး ပြေလည်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဆွေးနွေးတဲ့အခါမှာ သတင်းစာမျက်နှာမှာ ကျေလည်အောင် ဖြေရှင်းပေးရမှာဖြစ်ကြောင်းနဲ့ ဖြေရှင်း ပေးမယ့်စာကို စာကြမ်းရေးသားပြီး ဝန်ကြီးချုပ်ဆီပြရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးဝေရေးသားခဲ့တဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညို ပျက်အောင်လုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

?bph6