
0
633




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံရတဲ့ လူငယ် ၃၆၀ဝ၀ ရှိ

မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်ကနေ ၂၄ နှစ်ကြား HIV ပိုး ကူးစက်ခံထားရတဲ့ လူငယ် ၃၆၀ဝ၀ ရှိတယ်လို့ ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ ပူးတွဲအစီအစဉ် (UNAIDS) က ခန့်မှန်းထားပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူ အပါအဝင် မူးယစ်ဆေး ထိုးသွင်းသူ၊ လိင်တူချစ်သူနဲ့ လိင်ပြောင်းလဲထားတဲ့ လူငယ် တစ်ချို့ဟာ ကူးစက်နိုင်မှု မြင့်တက်စေမယ့် ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

လိင်ပညာပေးကို သေချာနားလည်အောင် လုပ်ဆောင်ပေးမှသာ လူငယ်တွေကို HIV ပိုး ကူးစက်မှု အပါအဝင် တခြား အန္တရာယ်ရှိတဲ့ ရောဂါတွေကနေ ကူးစက်မှုကနေ အကာအကွယ်ပေးနိုင်မယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က တိုက်တွန်းထားပါတယ်။