ဟိႏၵဴ ဒုကၡသည္ေတြ ေနရပ္ျပန္လို၊ ဘဂၤလားေဒ့ရွ္ ခြင့္မျပဳ

0
210

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ ဟိႏၵဴဒုကၡသည္ေတြ ျမန္မာႏိုင္ငံကို ေနရပ္ျပန္လိုေပမယ့္ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ခြင့္မျပဳဘူးလို႔ ေလာ့စ္ အိန္ဂ်လိစ္ တိုင္းမ္ သတင္းစာက ေဖာ္ျပပါတယ္။

ကူတူပါေလာင္ ဒုကၡသည္စခန္းက ဟိႏၵဴမိသားစု ၁၀၅ စုဟာ ၂၀၁၈ ခုႏွစ္ ေမလမွာ ကုလသမဂၢနဲ႔ ညွိႏိႈင္းမႈေတြ လုပ္ၿပီးေနာက္ ရခိုင္ျပည္နယ္ကို ေနရပ္ျပန္ဖို႔ အသင့္ျဖစ္ေနတာ ျဖစ္ပါတယ္။ ကုလသမဂၢက တာဝန္ရွိသူေတြက ေနရပ္ျပန္ဖို႔ လံုၿခံဳမရွိဘူးလို႔ ဆံုးျဖတ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြ ေနရပ္ျပန္ဖို႔ကိစၥ ဖ်က္သိမ္းလိုက္တယ္လို႔ ဟိႏၵဴ ဒုကၡသည္ေတြက ေျပာပါတယ္။

ဟိႏၵဴဒုကၡသည္ေတြက အိႏၵိယအစိုးရကို အကူအညီေတာင္းေပမယ့္ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီသာ ရရွိပါတယ္။ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ ဟိႏၵဴ ဒုကၡသည္ ၄၀၀ ခန္႔ရွိၿပီး ဟိႏၵဴဒုကၡသည္စခန္းဆိုၿပီး ခြဲထားပါတယ္။ ဟိႏၵဴနဲ႔ မြတ္စလင္ ဒုကၡသည္ေတြဟာ အတူယွဥ္တြဲေနထိုင္လို႔ မျဖစ္တဲ့ အေနအထားမွာ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟိန္ဒူ ဒုက္ခသည်တွေ နေရပ်ပြန်လို၊ ဘင်္ဂလားဒေ့ရှ် ခွင့်မပြု

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဒုက္ခသည်တွေ မြန်မာနိုင်ငံကို နေရပ်ပြန်လိုပေမယ့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ လော့စ် အိန်ဂျလိစ် တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

ကူတူပါလောင် ဒုက္ခသည်စခန်းက ဟိန္ဒူမိသားစု ၁၀၅ စုဟာ ၂၀၁၈ ခုနှစ် မေလမှာ ကုလသမဂ္ဂနဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးနောက် ရခိုင်ပြည်နယ်ကို နေရပ်ပြန်ဖို့ အသင့်ဖြစ်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက တာဝန်ရှိသူတွေက နေရပ်ပြန်ဖို့ လုံခြုံမရှိဘူးလို့ ဆုံးဖြတ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နေရပ်ပြန်ဖို့ကိစ္စ ဖျက်သိမ်းလိုက်တယ်လို့ ဟိန္ဒူ ဒုက္ခသည်တွေက ပြောပါတယ်။

ဟိန္ဒူဒုက္ခသည်တွေက အိန္ဒိယအစိုးရကို အကူအညီတောင်းပေမယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီသာ ရရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ဟိန္ဒူ ဒုက္ခသည် ၄၀ဝ ခန့်ရှိပြီး ဟိန္ဒူဒုက္ခသည်စခန်းဆိုပြီး ခွဲထားပါတယ်။ ဟိန္ဒူနဲ့ မွတ်စလင် ဒုက္ခသည်တွေဟာ အတူယှဉ်တွဲနေထိုင်လို့ မဖြစ်တဲ့ အနေအထားမှာ ရှိပါတယ်။