ျမန္မာႏိုင္ငံကေန အိႏၵိယဆီ ေရႊေမွာင္ခိုသြင္းရာ လမ္းေၾကာင္းေတြကို DRI ေဖာ္ထုတ္

0
318

အိႏၵိယႏိုင္ငံ၊ ဟိုက္ဒရာဘတ္ၿမိဳ႕ကို ေရႊေတြေမွာင္ခိုသြင္းေနမႈဟာ အိႏၵိယ-ျမန္မာ နယ္စပ္အနီးရွိ ေရႊသန္႔စင္လုပ္ငန္းေတြနဲ႔ ဆက္စပ္မႈရွိေနေၾကာင္း အိႏၵိယ အေကာက္ခြန္ စံုစမ္းေရး႐ံုး (DRI) က စံုစမ္းေဖာ္ထုတ္လိုက္ပါတယ္။

ဟက္ဘ္စီဂူဒါၿမိဳ႕ရွိ ေရႊေငြ လက္ဝတ္ရတနာဆိုင္ပိုင္ရွင္ ပူခါရတ္ဂ်္ ဂ်ိန္းနဲ႔ ဆီကြန္ဒရာဘတ္ရွိ ေရႊေငြ လက္ဝတ္ရတနာဆိုင္ပိုင္ရွင္ ေဂါတမန္ ရာဝယ္တို႔ဟာ ေရႊေမွာင္ခို သြင္းမႈေတြရဲ႕ ေနာက္ကြယ္က ထိန္းခ်ဳပ္သူေတြ ျဖစ္တယ္လို႔ DRI က တာဝန္ရွိသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံဘက္က နမ့္ဖာလံုနဲ႔ ေခါမာဝီ ေက်းရြာေတြကေနတဆင့္ ေရႊေမွာင္ခိုလမ္းေတြကေန အိႏၵိယႏိုင္ငံထဲကို တင္သြင္းေနတာ ျဖစ္ပါတယ္။ နမ့္ဖာလံု ကေန အင္ဖာ၊ အင္ဖာကေန ဂူဝါဟတီ၊ ကိုလ္ကတၱား၊ ဗီဇတ္၊ ဟိုက္ဒရာဘတ္အထိ ေမွာင္ခို လမ္းေၾကာင္း ေပၚေပါက္ေနပါတယ္။ အလားတူပဲ ေခါမာဝီကေန မီဇိုရမ္၊ ဂူဝါဟတီ၊ ကိုလ္ကတၱား၊ ဗီဇတ္၊ ဟိုက္ဒရာဘတ္အထိလည္း ေရႊေမွာင္ခို လမ္းေၾကာင္း ျဖစ္ပါတယ္။

အိႏၵိယ-ျမန္မာ နယ္စပ္မွာ ဗီဇာကင္းလြတ္ခြင့္ ေပးထားတာကို အခြင့္ေကာင္းယူၿပီး ျမန္မာႏိုင္ငံဘက္က ေရႊေတြကို လက္ဆင့္ကမ္း ေမွာင္ခိုသြင္းယူတာ ျဖစ္တယ္လို႔ DRI က ေျပာပါတယ္။မၾကာေသးမီကပဲ ျမန္မာႏိုင္ငံေန ေမွာင္ခိုသြင္းလာတဲ့ ေရႊ ၃၃၁၄ ဂရမ္ကို ဗီဇက္ၿမိဳ႕ရွိ ဘူတာ႐ံုမွာ DRI က အရာရွိေတြက ဖမ္းဆီးရမိခဲ့ပါေသးတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာနိုင်ငံကနေ အိန္ဒိယဆီ ရွှေမှောင်ခိုသွင်းရာ လမ်းကြောင်းတွေကို DRI ဖော်ထုတ်

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ကို ရွှေတွေမှောင်ခိုသွင်းနေမှုဟာ အိန္ဒိယ-မြန်မာ နယ်စပ်အနီးရှိ ရွှေသန့်စင်လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနေကြောင်း အိန္ဒိယ အကောက်ခွန် စုံစမ်းရေးရုံး (DRI) က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

ဟက်ဘ်စီဂူဒါမြို့ရှိ ရွှေငွေ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် ပူခါရတ်ဂျ် ဂျိန်းနဲ့ ဆီကွန်ဒရာဘတ်ရှိ ရွှေငွေ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် ဂေါတမန် ရာဝယ်တို့ဟာ ရွှေမှောင်ခို သွင်းမှုတွေရဲ့ နောက်ကွယ်က ထိန်းချုပ်သူတွေ ဖြစ်တယ်လို့ DRI က တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဘက်က နမ့်ဖာလုံနဲ့ ခေါမာဝီ ကျေးရွာတွေကနေတဆင့် ရွှေမှောင်ခိုလမ်းတွေကနေ အိန္ဒိယနိုင်ငံထဲကို တင်သွင်းနေတာ ဖြစ်ပါတယ်။ နမ့်ဖာလုံ ကနေ အင်ဖာ၊ အင်ဖာကနေ ဂူဝါဟတီ၊ ကိုလ်ကတ္တား၊ ဗီဇတ်၊ ဟိုက်ဒရာဘတ်အထိ မှောင်ခို လမ်းကြောင်း ပေါ်ပေါက်နေပါတယ်။ အလားတူပဲ ခေါမာဝီကနေ မီဇိုရမ်၊ ဂူဝါဟတီ၊ ကိုလ်ကတ္တား၊ ဗီဇတ်၊ ဟိုက်ဒရာဘတ်အထိလည်း ရွှေမှောင်ခို လမ်းကြောင်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ ဗီဇာကင်းလွတ်ခွင့် ပေးထားတာကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံဘက်က ရွှေတွေကို လက်ဆင့်ကမ်း မှောင်ခိုသွင်းယူတာ ဖြစ်တယ်လို့ DRI က ပြောပါတယ်။မကြာသေးမီကပဲ မြန်မာနိုင်ငံနေ မှောင်ခိုသွင်းလာတဲ့ ရွှေ ၃၃၁၄ ဂရမ်ကို ဗီဇက်မြို့ရှိ ဘူတာရုံမှာ DRI က အရာရှိတွေက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

?bph6