ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ ဧရိယာ ေလ်ာ့က်

0
118

ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳးတဲ့ ဧရိယာဟာ ေလးႏွစ္ဆက္တိုက္ ဆက္လက္ ေလ်ာ့က်ေနပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ဘိန္းစိုက္ဧရိယာ ၃၇၃၀၀ ဟက္တာ ရွိၿပီး ၂၀၁၇ ခုႏွစ္က ၄၁၀၀၀ ဟက္တာနဲ႔ ႏိႈင္းယွဥ္ရင္ ၁၀ ရာခိုင္ႏႈန္း က်ဆင္းလာတာ ျဖစ္ပါတယ္။

စိုက္ပ်ိဳးမႈ ဧရိယာဟာ ေဒသအားလံုးမွာ က်ဆင္းလာတာျဖစ္တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈခင္းဆိုင္ရာ႐ုံး (UNODC) ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ရွမ္းျပည္နယ္ ေတာင္ပိုင္းမွာ ၁၇ ရာခိုင္ႏႈန္း၊ ကခ်င္ျပည္နယ္မွာ ၁၅ ရာခိုင္ႏႈန္း၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွာ ၈ ရာခိုင္ႏႈန္းနဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ၇ ရာခိုင္ႏႈန္း က်ဆင္းလာတာ ျဖစ္ပါတယ္။

ပဋိပကၡျဖစ္ပြားမႈနဲ႔ ဘိန္းစိုက္ပ်ိဳးမႈဟာ ဆက္စပ္မႈ ရွိတယ္လို႔ UNODC ရဲ႕ အစီရင္ခံစာက ထပ္မံ အတည္ျပဳပါတယ္။ ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ရွိ မတည္ၿငိမ္တဲ့ ဧရိယာေတြမွာ ဘိန္းစိုက္ပ်ိဳးမႈဟာ ဆက္လက္ျမင့္တက္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ဆင္းရဲႏြမ္းပါးမႈနဲ႔ ဘိန္းစိုက္ပ်ိဳးမႈဟာလည္း ဆက္ႏႊယ္မႈရွိတယ္လို႔ UNODC ရဲ႕ ဌာနမန္ေနဂ်ာ ထ႐ိုယယ္ ဗက္စတာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ဘိန်းစိုက် ဧရိယာ လျော့ကျ

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတဲ့ ဧရိယာဟာ လေးနှစ်ဆက်တိုက် ဆက်လက် လျော့ကျနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ၃၇၃၀ဝ ဟက်တာ ရှိပြီး ၂၀၁၇ ခုနှစ်က ၄၁၀ဝ၀ ဟက်တာနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

စိုက်ပျိုးမှု ဧရိယာဟာ ဒေသအားလုံးမှာ ကျဆင်းလာတာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၅ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၈ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၇ ရာခိုင်နှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုနဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆက်စပ်မှု ရှိတယ်လို့ UNODC ရဲ့ အစီရင်ခံစာက ထပ်မံ အတည်ပြုပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ရှိ မတည်ငြိမ်တဲ့ ဧရိယာတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ ဆက်လက်မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ဘိန်းစိုက်ပျိုးမှုဟာလည်း ဆက်နွှယ်မှုရှိတယ်လို့ UNODC ရဲ့ ဌာနမန်နေဂျာ ထရိုယယ် ဗက်စတာက ပြောပါတယ်။

?bph6