
0
88


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန်မြို့ လွတ်လပ်ခွင့်ဆု ပြန်ရုပ်သိမ်းမယ်

ဘင်္ဂါလီ မွတ်စလင် အရေးမှာ ပြစ်တင်ဝေဖန်ခြင်း မရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လွပ်လပ်ခွင့် ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့ ကော်ပိုရေးရှင်း ကောင်စီဝင်တွေက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ကောင်စီဝင် မွန်ဆာ အလီရဲ့ အဆိုပြုချက်အရ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လန်ဒန်မြို့ လွတ်လပ်ခွင့်ဆုကို ပြန်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်တာဖြစ်ပါတယ်။ အဆိုပြုတဲ့ အလီက ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ထုတ်ဖော်ပြောဆိုဖို့နဲ့ ဟုတ်မှန်ကြောင်း ပြောဆိုဖို့ ပျက်ကွက်လို့ ဆုနဲ့ မထိုက်တန်ဘူးလို့ ပြောပါတယ်။

လန်ဒန်မြို့ လွတ်လပ်ခွင့်ဆုကို ၂၀၁၇ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

?bph6