တ႐ုတ္-ျမန္မာ နယ္စပ္ က်ိန္စမ္းေက်ာ့ဂိတ္ ယာယီ ျပန္ဖြင့္

0
224

ကုန္သြယ္ေရးမွာ အေရးပါတဲ့ တ႐ုတ္-ျမန္မာ နယ္စပ္ရွိ က်ိန္စမ္းေက်ာ့ဂိတ္ကို ႏွစ္ပတ္ၾကာ ပိတ္ထားၿပီးေနာက္ ယာယီ ျပန္ဖြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

 

ျမန္မာ ကာကြယ္ေရး ဝန္ႀကီးဌာန၊ ျမန္မာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနနဲ႔ တ႐ုတ္သံ႐ံုးက တာဝန္ရွိသူေတြ သေဘာတူညီမႈ ရၿပီးေနာက္ မေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ က်ိန္စမ္းေက်ာ့ဂိတ္ကို ျပန္ဖြင့္ေပးလိုက္တာ ျဖစ္တယ္လို႔ ဆင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။

သစ္သီးဝလံနဲ႔ ပင္လယ္စာေတြ တ႐ုတ္ကို ျဖတ္သန္း တင္ပို႔ေနတဲ့ က်ိန္စမ္းေက်ာ့ဂိတ္ကို လံုၿခံဳေရးေၾကာင့္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၇ ရက္ေန႔မွာ ပိတ္ထားတာ ျဖစ္ပါတယ္။ ႏွစ္ပတ္ၾကာ နယ္စပ္ဂိတ္ကို ပိတ္ထားတဲ့အတြက္ ေတာင္သူေတြနဲ႔ သစ္သီးကုန္သြယ္ေတြ ထိခိုက္နစ္နာခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

တရုတ်-မြန်မာ နယ်စပ် ကျိန်စမ်းကျော့ဂိတ် ယာယီ ပြန်ဖွင့်

ကုန်သွယ်ရေးမှာ အရေးပါတဲ့ တရုတ်-မြန်မာ နယ်စပ်ရှိ ကျိန်စမ်းကျော့ဂိတ်ကို နှစ်ပတ်ကြာ ပိတ်ထားပြီးနောက် ယာယီ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ်သံရုံးက တာဝန်ရှိသူတွေ သဘောတူညီမှု ရပြီးနောက် မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျိန်စမ်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

သစ်သီးဝလံနဲ့ ပင်လယ်စာတွေ တရုတ်ကို ဖြတ်သန်း တင်ပို့နေတဲ့ ကျိန်စမ်းကျော့ဂိတ်ကို လုံခြုံရေးကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပိတ်ထားတာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာ နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့အတွက် တောင်သူတွေနဲ့ သစ်သီးကုန်သွယ်တွေ ထိခိုက်နစ်နာခဲ့ပါတယ်။

?bph6