Shyang Jhuo Yue ဖိနပ္စက္ရံု ပံုမွန္အတိုင္းျပန္လည္ လည္ပတ္ဖို႔ ေတာင္းဆို

0
61

Shyang Jhuo Yue ဖိနပ္စက္ရံု အလုပ္ ပိတ္လိုက္ျခင္းအေပၚ စက္ရံုပံုမွန္အတိုင္းျပန္လည္ လည္ပတ္ဖို႔ ေတာင္းဆိုသြားမယ္လို႔ Shyang Jhuo Yue ဖိနပ္စက္ရံုရဲ႕ အေျခခံအလုပ္သမားအဖြဲ႕အစည္း ဥကၠဌက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

စက္ရံုအတြင္း ေအာ္ဒါျပတ္သြားတာေၾကာင့္ ၁၇ ရက္ၾကာအလုပ္ရပ္နားထားခ်ိန္မွာ အလုပ္ရွင္ဘက္က စက္႐ုံပိတ္သိမ္းဖို႔ စက္ပစၥည္းေတြကို ေရြ႕ေျပာင္းခဲ့တယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

အဲဒီလို လုပ္ေဆာင္တာနဲ႔႔ပတ္သက္ၿပီး အလုပ္ရွင္ဘက္က အလုပ္သမားေတြကိုႀကိဳတင္အေၾကာင္းၾကား ထားတာေတြမရွိတာဘဲ အလုပ္ပိတ္သိမ္းတာဟာ ဥပေဒနဲ႔အညီပိတ္သိမ္းတာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

မတင္စုခိုင္ ( Production office Staff )
Shyang Jhuo Yue shoes

အဲဒီလို ရက္ရွည္အလုပ္ပိတ္ထားတာေၾကာင့္ အလုပ္သမားတစ္ခ်ဳိ႕က နယ္ကိုျပန္သြားတာေတြလည္းရွိၿပီး ေဘးပတ္၀န္းက်င္က ေျပာျပမွ စက္ရံုအတြင္းပစၥည္းေတြ သယ္ယူေနတာကို သိရတာေၾကာင့္ သြားေရာက္စံုစမ္းခ်ိန္မွာ အမွန္တကယ္ေျပာင္းေရြ႕ေနတာကို သိရွိခဲ့ရတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အလုပ္သမားေရးရာဆက္ဆံေရးဦးစီးဌာန(အလစ)ရံုကို သြားေရာက္စံုစမ္းခဲ့ၿပီး Shyang Jhuo Yue shoes စက္ရံုမွာ ယာယီပိတ္သိမ္းဖို႔တင္ျပထားၿပီးျဖစ္တာေၾကာင့္ ဒီဇင္ဘာ ၂၈ ရက္မွာေန႔က ေလ်ာ္ေၾကးေပးခဲ့တာျဖစ္ပါတယ္။

မတင္စုခိုင္ ( Production office Staff)
Shyang Jhuo Yue shoes

Shyang Jhuo Yue(SJY) ဖိနပ္စက္ရံုမွာ အလုပ္သမား ၈၇၇ ေယာက္ရွိၿပီး အလုပ္ပိတ္သိမ္းတာနဲ႔ ပတ္သက္လို႔ အလုပ္သမားေတြကို ဥပေဒပါ ရပိုင္ခြင့္အတိုင္း ေလ်ာ္ေၾကးယူတဲ့ အလုပ္သမား ၆၀၀ ေက်ာ္ရွိတယ္လို႔လည္းေျပာပါတယ္။

က်န္တဲ့အလုပ္သမားေတြအေနနဲ႔ကေတာ့ အလုပ္ရွင္နဲ႔ အီးစီစာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့တာ ၄ လ ေလာက္သာ ရွိတာေၾကာင့္ စာခ်ဳပ္ပါအတိုင္း ခံစားခြင့္မရရွိပါက အလုပ္ျပန္လည္ရရွိဖို႔ကိုသာ ေမွ်ာ္လင့္ေနၾကပါတယ္ရွင္။

Shyang Jhuo Yue ဖိနပ်စက်ရုံ အလုပ် ပိတ်လိုက်ခြင်းအပေါ် စက်ရုံပုံမှန်အတိုင်းပြန်လည် လည်ပတ်ဖို့ တောင်းဆိုသွားမယ်လို့ Shyang Jhuo Yue ဖိနပ်စက်ရုံရဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဌက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

စက်ရုံအတွင်း အော်ဒါပြတ်သွားတာကြောင့် ၁၇ ရက်ကြာအလုပ်ရပ်နားထားချိန်မှာ အလုပ်ရှင်ဘက်က စက်ရုံပိတ်သိမ်းဖို့ စက်ပစ္စည်းတွေကို ရွေ့ပြောင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီလို လုပ်ဆောင်တာနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်က အလုပ်သမားတွေကိုကြိုတင်အကြောင်းကြား ထားတာတွေမရှိတာဘဲ အလုပ်ပိတ်သိမ်းတာဟာ ဥပဒေနဲ့အညီပိတ်သိမ်းတာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

မတင်စုခိုင် ( Production office Staff )
Shyang Jhuo Yue shoes

အဲဒီလို ရက်ရှည်အလုပ်ပိတ်ထားတာကြောင့် အလုပ်သမားတစ်ချို့က နယ်ကိုပြန်သွားတာတွေလည်းရှိပြီး ဘေးပတ်ဝန်းကျင်က ပြောပြမှ စက်ရုံအတွင်းပစ္စည်းတွေ သယ်ယူနေတာကို သိရတာကြောင့် သွားရောက်စုံစမ်းချိန်မှာ အမှန်တကယ်ပြောင်းရွေ့နေတာကို သိရှိခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(အလစ)ရုံကို သွားရောက်စုံစမ်းခဲ့ပြီး Shyang Jhuo Yue shoes စက်ရုံမှာ ယာယီပိတ်သိမ်းဖို့တင်ပြထားပြီးဖြစ်တာကြောင့် ဒီဇင်ဘာ ၂၈ ရက်မှာနေ့က လျော်ကြေးပေးခဲ့တာဖြစ်ပါတယ်။

မတင်စုခိုင် ( Production office Staff)
Shyang Jhuo Yue shoes

Shyang Jhuo Yue(SJY) ဖိနပ်စက်ရုံမှာ အလုပ်သမား ၈၇၇ ယောက်ရှိပြီး အလုပ်ပိတ်သိမ်းတာနဲ့ ပတ်သက်လို့ အလုပ်သမားတွေကို ဥပဒေပါ ရပိုင်ခွင့်အတိုင်း လျော်ကြေးယူတဲ့ အလုပ်သမား ၆၀ဝ ကျော်ရှိတယ်လို့လည်းပြောပါတယ်။

ကျန်တဲ့အလုပ်သမားတွေအနေနဲ့ကတော့ အလုပ်ရှင်နဲ့ အီးစီစာချုပ်ချုပ်ဆိုထားခဲ့တာ ၄ လ လောက်သာ ရှိတာကြောင့် စာချုပ်ပါအတိုင်း ခံစားခွင့်မရရှိပါက အလုပ်ပြန်လည်ရရှိဖို့ကိုသာ မျှော်လင့်နေကြပါတယ်ရှင်။

?bph6