ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔အမႈအယူခံကို ပယ္ခ်

0
53

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔အမႈအယူခံကို ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္က ပယ္ခ်လိုက္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ရေသ့ေတာင္ၿမိဳ႕ ေဟာေျပာပြဲမွာ ေျပာၾကားခဲ့တာေတြနဲ႔ပတ္သက္လို႔ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔အမႈကို ပယ္ဖ်က္ေပးဖုိ႔အတြက္ ရခိုင္ျပည္နယ္တရားလႊတ္ေတာ္ကို ဒုတိယအႀကိမ္ေလွ်ာက္ထားခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီေလွ်ာက္ထားခ်က္နဲ႔ပတ္သက္လို႔ ဒီကေန႔ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ရခုိင္ျပည္နယ္တရားလႊတ္ေတာ္က ပယ္ခ်လိုက္ၿပီး ခရိုင္တရားရံုးရဲ႕ စြဲခ်က္အမိန္႔ကို အတည္ျပဳလုိုက္တာ ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးစံေရႊေမာင္က ေျပာပါတယ္။
အင္တာဗ်ဴး – ဦးစံေရႊေမာင္(တရားလႊတ္ေတာ္ေရွ႕ေန)

ဒါ့အျပင္ ေရွ႕ေနေတြဘက္က စြဲဆိုခ်က္နဲ႔သက္ေသခံခ်က္ေတြဟာ အေၾကာင္းအရာမညီညြတ္တာေၾကာင့္ အဲဒီျပင္ဆင္မႈကို တင္သြင္းခဲ့တာျဖစ္ေပမယ့္ တရားလႊတ္ေတာ္ေနနဲ႔ကေတာ့ မူလရံုးရဲ႕စြဲဆိုခ်က္ကိုပဲ မွန္ကန္တယ္လို႔ ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို႔ ေရွ႕ေနေဒၚေအးႏုစိန္က ေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚေအးႏုစိန္ (တရားလႊတ္ေတာ္ေရွ႕ေန)

အဲ့ဒီအမႈနဲ႔ပတ္သက္လုိ႔ မူလရံုးမွာေတာ့ ႏွစ္ဖက္သက္ေသအားလံုးကို စိစစ္ၿပီးျဖစ္ေၾကာင္းနဲ႔ အျပစ္ေပးသင့္မေပးသင့္ဆိုတဲ့ အၿပီးသတ္ေလွ်ာက္လဲခ်က္ တစ္ခုတည္းကိုပဲ ေပးဖုိ႔ရွိေတာ့တာျဖစ္ၿပီး ေနာက္ထပ္ ႐ုံးခ်ိန္းကို လာမယ့္ ဇန္န၀ါရီလ ၁၄ ရက္ေန႔မွာ စစ္ေတြခရိုင္တရားရံုးက ခ်ိန္ဆိုခဲ့ပါတယ္ခင္ဗ်ာ။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုအယူခံကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ပယ်ချလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရသေ့တောင်မြို့ ဟောပြောပွဲမှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်လို့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုကို ပယ်ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ဒုတိယအကြိမ်လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလျှောက်ထားချက်နဲ့ပတ်သက်လို့ ဒီကနေ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်ပြီး ခရိုင်တရားရုံးရဲ့ စွဲချက်အမိန့်ကို အတည်ပြုလိုုက်တာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။
အင်တာဗျူး – ဦးစံရွှေမောင်(တရားလွှတ်တော်ရှေ့နေ)

ဒါ့အပြင် ရှေ့နေတွေဘက်က စွဲဆိုချက်နဲ့သက်သေခံချက်တွေဟာ အကြောင်းအရာမညီညွတ်တာကြောင့် အဲဒီပြင်ဆင်မှုကို တင်သွင်းခဲ့တာဖြစ်ပေမယ့် တရားလွှတ်တော်နေနဲ့ကတော့ မူလရုံးရဲ့စွဲဆိုချက်ကိုပဲ မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

အင်တာဗျူး – ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)

အဲ့ဒီအမှုနဲ့ပတ်သက်လို့ မူလရုံးမှာတော့ နှစ်ဖက်သက်သေအားလုံးကို စိစစ်ပြီးဖြစ်ကြောင်းနဲ့ အပြစ်ပေးသင့်မပေးသင့်ဆိုတဲ့ အပြီးသတ်လျှောက်လဲချက် တစ်ခုတည်းကိုပဲ ပေးဖို့ရှိတော့တာဖြစ်ပြီး နောက်ထပ် ရုံးချိန်းကို လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက ချိန်ဆိုခဲ့ပါတယ်ခင်ဗျာ။

?bph6