အလုပ္သမားသပိတ္ေတြက ႏိုင္ငံအက်ိဳးစီးပြား ထိခိုက္ေစတာေၾကာင့္ သတိထားလုပ္ေဆာင္ဖို႔ ေျပာ

0
69

အလုပ္သမားသပိတ္ေတြက ႏိုင္ငံအက်ိဳးစီးပြားနဲ႔ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြကို ထိခိုက္ေစတာေၾကာင့္ သတိထားလုပ္ေဆာင္ၾကဖို႔ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက သတိေပးေျပာၾကားလုိက္ပါတယ္ ။ဒီသတင္းကုိ MCN သတင္းေထာက္ ကုိသန္႔က တင္ဆက္ေပးထားပါတယ္။

အလုပ္သမားသပိတ္ေတြဟာ အလုပ္ရွင္၊ အလုပ္သမား အက်ိဳးစီးပြားသာမက တုိင္းျပည္ရဲ႕ အက်ိဳးစီးပြားနဲ႔ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြအေပၚလည္း သက္ေရာက္မႈရွိတာေၾကာင့္ ေသခ်ာစဥ္းစားေဆာင္ရြက္ဖို႔လိုတယ္လုိ႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက သတိေပးေျပာၾကားလိုက္ပါတယ္။

ဇန္နဝါရီလ ၉ ရက္ေန႔က ေနျပည္ေတာ္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး႒ာနမွာ ျပဳလုပ္တဲ့ အလုပ္ရွင္၊ အလုပ္သမားပဋိပကၡေတြ န႔ဲပတ္သက္ၿပီး လိုအပ္တဲ့ စည္းမ်ဥ္း စည္းကမ္း မ်ားဆိုင္ရာ အလုပ္ရံုအစည္းအေဝး အဖြင့္မိန္႔ခြန္းမွာ ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားခဲ့တာပါ။

Sound Bite ဦးသိန္းေဆြ (ျပည္ေထာင္စုဝန္ႀကီး)
အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီး႒ာန

လက္ရွိ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈေတြကို ေျဖရွင္းေဆာင္ရြက္ႏုိင္ဖို႔အတြက္ အသစ္ျပ႒ာန္းထားတဲ႔ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရးဥပေဒနဲ႔အညီ အျမန္ဆံုးေျပလည္ႏိုင္ေစဖို႔ ၿမိဳ႕နယ္အလုပ္သမား ေရးရာ အဖြဲ႕ေတြက ညႈိႏႈိင္းေျဖရွင္းေပးေနတယ္လုိ႔လည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။

ဒါအျပင္ အလုပ္သမားေတြက ဥပေဒပါ ရပိုင္ခြင့္ထက္ ေက်ာ္လြန္ၿပီး ေတာင္းဆိုထားတဲ႔ အျငင္းပြားမႈ ေတြကိုလည္း ဝန္ႀကီး႒ာနအေနနဲ႔ ေျဖရွင္းေပးေနရတယ္လုိ႔ ျပည္ေထာင္စုဝန္ႀကီးဦးသိန္းေဆြကေျပာပါတယ္။

Sound Bite ဦးသိန္းေဆြ (ျပည္ေထာင္စုဝန္ႀကီး)
အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီး႒ာန

စက္ရံုဧရိယာထက္ ေက်ာ္လြန္ၿပီး အမ်ားျပည္သူပိုင္ေနရာေတြမွာ ပိတ္ဆို႔ဆႏၵျပတဲ့ အလုပ္သမားသပိတ္ေတြ ေၾကာင့္ အမ်ားျပည္သူေတြ အေႏွာက္အယွက္ျဖစ္ေပၚေစတဲ႔အတြက္ ဥပေဒနဲ႔ အညီ ေျဖရွင္းေဆာင္ရြက္ ႏုိင္ေစဖို႔နဲ႔ ႒ာနခ်င္းပူးေပါင္းေဆာင္ရြက္ႏိုင္မႈ အားေကာင္းေစဖုိ႔ ရည္ရြယ္ၿပီး အစည္းအေ၀းကုိ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္ ခင္ဗ်ာ။

အလုပ်သမားသပိတ်တွေက နိုင်ငံအကျိုးစီးပွားနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေတာကြောင့် သတိထားလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတိပေးပြောကြားလိုက်ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် ကိုသန့်က တင်ဆက်ပေးထားပါတယ်။

အလုပ်သမားသပိတ်တွေဟာ အလုပ်ရှင်၊ အလုပ်သမား အကျိုးစီးပွားသာမက တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ်လည်း သက်ရောက်မှုရှိတာကြောင့် သေချာစဉ်းစားဆောင်ရွက်ဖို့လိုတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနမှာ ပြုလုပ်တဲ့ အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခတွေ နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်း များဆိုင်ရာ အလုပ်ရုံအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာပါ။

Sound Bite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန

လက်ရှိ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အသစ်ပြဋ္ဌာန်းထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနဲ့အညီ အမြန်ဆုံးပြေလည်နိုင်စေဖို့ မြို့နယ်အလုပ်သမား ရေးရာ အဖွဲ့တွေက ညှိုနှိုင်းဖြေရှင်းပေးနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒါအပြင် အလုပ်သမားတွေက ဥပဒေပါ ရပိုင်ခွင့်ထက် ကျော်လွန်ပြီး တောင်းဆိုထားတဲ့ အငြင်းပွားမှု တွေကိုလည်း ဝန်ကြီးဋ္ဌာနအနေနဲ့ ဖြေရှင်းပေးနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောပါတယ်။

Sound Bite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန

စက်ရုံဧရိယာထက် ကျော်လွန်ပြီး အများပြည်သူပိုင်နေရာတွေမှာ ပိတ်ဆို့ဆန္ဒပြတဲ့ အလုပ်သမားသပိတ်တွေ ကြောင့် အများပြည်သူတွေ အနှောက်အယှက်ဖြစ်ပေါ်စေတဲ့အတွက် ဥပဒေနဲ့ အညီ ဖြေရှင်းဆောင်ရွက် နိုင်စေဖို့နဲ့ ဋ္ဌာနချင်းပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းစေဖို့ ရည်ရွယ်ပြီး အစည်းအဝေးကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ် ခင်ဗျာ။

?bph6