ၿငိမ္းခ်မ္းေရးရရင္ ဆယ္ႏွစ္ ေစာင့္စရာမလိုဘဲ တစ္ႏွစ္အတြင္း သိသာတဲ့ အေျပာင္းအလဲကို ျမင္ရမယ္

0
108

ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိခဲ့မယ္ဆိုရင္ ႏိုင္ငံေတာ္ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈကို ဆယ္ႏွစ္ ေစာင့္စရာမလိုဘဲ တစ္ႏွစ္အတြင္း သိသာတဲ့ အေျပာင္းအလဲကို ျမင္ရမယ္လုိ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဇန္န၀ါရီလ ၁ဝ ရက္ေန႔က ကခ်င္ျပည္နယ္ မေနာကြင္းမွာ ျပဳလုပ္တဲ့ (၇၁) ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔မွာ အခုလို ေျပာၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံအတြင္းမွာ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္မီးေတြ ၿငိမ္းၿပီးတာနဲ႔ တစ္ႏွစ္အတြင္း သိသာတဲ့ အေျပာင္းအလဲေတြကို ျမင္ရမွာျဖစ္ၿပီး လိုခ်င္တဲ့၊ ခိုင္မာေတာင့္တင္းတဲ့ ႏိုင္ငံေတာ္ျဖစ္ဖို႔ ဆယ္စုႏွစ္အတြင္း ဝိုင္းဝန္းႀကိဳးစားရမွာ ျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ငြိမ်းချမ်းရေးရရင် ဆယ်နှစ် စောင့်စရာမလိုဘဲ တစ်နှစ်အတွင်း သိသာတဲ့ အပြောင်းအလဲကို မြင်ရမယ်

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိခဲ့မယ်ဆိုရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆယ်နှစ် စောင့်စရာမလိုဘဲ တစ်နှစ်အတွင်း သိသာတဲ့ အပြောင်းအလဲကို မြင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇန်နဝါရီလ ၁ဝ ရက်နေ့က ကချင်ပြည်နယ် မနောကွင်းမှာ ပြုလုပ်တဲ့ (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ ငြိမ်းပြီးတာနဲ့ တစ်နှစ်အတွင်း သိသာတဲ့ အပြောင်းအလဲတွေကို မြင်ရမှာဖြစ်ပြီး လိုချင်တဲ့၊ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတော်ဖြစ်ဖို့ ဆယ်စုနှစ်အတွင်း ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။