ဂြၿမိဳ႕နယ္မွာ လယ္ယာေျမ အဂတိလိုက္စားမႈ ဝန္ထမ္း ေလးဦးကို အေရးယူ

0
79

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္မွာ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးမွဴး ႏွစ္ဦး၊ ေျမတိုင္းတစ္ဦးနဲ႔ အၿငိမ္းစား ဦးစီးမွဴး တစ္ဦးတို႔က အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

ဂြၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးမင္းမင္းေဇာ္၊ လက္ေထာက္ဦးစီးမွဴး ဦးေမာင္ေမာင္လြင္၊ ေျမတိုင္း – ၄ ဦးေက်ာ္ႏိုင္ထြန္းနဲ႔ အၿငိမ္းစား ၿမိဳ႕နယ္ဦးစီးမွဴး ဦးဦးေက်ာ္ဝင္းတို႔ဟာ ေျမတိုင္းတာ ေရာင္းခ်မႈမွာ ေငြက်ပ္ သိန္း ၆၃ဝ ကို ေပးခဲ့ရတယ္ဆိုၿပီး တိုင္ၾကားခဲ့လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စံုစမ္းစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕နယ္ဦးစီးမွဴး ဦးမင္းမင္းေဇာ္၊ လက္ေထာက္ဦးစီးမွဴး ဦးေမာင္ေမာင္လြင္နဲ႔ ေျမတိုင္း – ၄ ဦးေက်ာ္ႏိုင္ထြန္း တို႔ကို အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆၊ အၿငိမ္းစား ၿမိဳ႕နယ္ဦးစီးမွဴး ဦးဦးေက်ာ္ဝင္းကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ တို႔နဲ႔ ဂြၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂွမြို့နယ်မှာ လယ်ယာမြေ အဂတိလိုက်စားမှု ဝန်ထမ်း လေးဦးကို အရေးယူ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး နှစ်ဦး၊ မြေတိုင်းတစ်ဦးနဲ့ အငြိမ်းစား ဦးစီးမှူး တစ်ဦးတို့က အဂတိလိုက်စားမှုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း – ၄ ဦးကျော်နိုင်ထွန်းနဲ့ အငြိမ်းစား မြို့နယ်ဦးစီးမှူး ဦးဦးကျော်ဝင်းတို့ဟာ မြေတိုင်းတာ ရောင်းချမှုမှာ ငွေကျပ် သိန်း ၆၃ဝ ကို ပေးခဲ့ရတယ်ဆိုပြီး တိုင်ကြားခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နဲ့ မြေတိုင်း – ၄ ဦးကျော်နိုင်ထွန်း တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ အငြိမ်းစား မြို့နယ်ဦးစီးမှူး ဦးဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ တို့နဲ့ ဂွမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

?bph6