
0
56




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရီးယားမှာ အလုပ်လုပ်လိုသူတွေ အလုပ်လျှောက်လွှာ တင်နိုင်ပြီ

တောင်ကိုရီးယားမှာ အလုပ်လုပ်ကိုင်လိုသူတွေ အလုပ်လျှောက်လွှာ လျှောက်ထားနိုင်ပြီး ဖြစ်ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီနဲ့ ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ စာမေးပွဲ အောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေကို အခု ဇန်နဝါရီလ ၇ ရက်နေ့က စတင်ပြီး ဇန်နဝါရီလ ၂၆ ရက်အထိ အလုပ်လျှောက်လွှာတွေ လက်ခံနေပြီလည်း ဖြစ်ပါတယ်။

(၁၂) ကြိမ်မြောက် EPS-TOPIK စာမေးပွဲမှာ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် မြန်မာလုပ်သား ၉၇၉၈ ဦး အောင်မြင်ခဲ့ပြီး အလုပ်လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၈ ရက်အထိ လျှောက်လွှာ ထုတ်ပေးခဲ့ပါတယ်။

?bph6