တိုက္ပြဲေတြေၾကာင့္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ မ်ဥ္းအနီးေနသူေတြ ထိတ္လန္႔

0
118

တပ္မေတာ္နဲ႔ AA လက္နက္ကိုင္ အဖြဲ႔တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ လူေနထိုင္ခြင့္မရွိတဲ့ ႏွစ္ႏိုင္ငံ နယ္နိမိတ္ မ်ဥ္းအနီး ဝင္ေရာက္ေနထိုင္ေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ဘဂၤါလီ မြတ္စလင္ေတြ ထိတ္လန္႔ေနပါတယ္။

ေထာင္တဲ့ခ်ီတဲ့ ဘဂၤါလီေတြဟာ ဘဂၤလားေဒ့ရွ္ဘက္ရွိ ဒုကၡသည္စခန္းကိုလည္း မသြားလို၊ ရခိုင္ျပည္နယ္ထဲလည္း ျပန္မဝင္လိုတဲ့အတြက္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ မ်ဥ္းအနီး ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။ အခု အဲဒီ ဘဂၤါလီေတြဟာ တပ္မေတာ္ စစ္ေၾကာင္းေတြနဲ႔ AA လက္နက္ကိုင္ တပ္ဖြဲ႔တို႔ လႈပ္ရွားမႈေတြအနီးမွာ ပိတ္မိေနၾကပါတယ္။

အစိုးရတပ္ေတြနဲ႔ AA တို႔ ျမန္မာႏိုင္ငံဘက္မွာ တိုက္ပြဲေတြ အႀကီးအက်ယ္ ျဖစ္ေနတယ္လို႔ ႏွစ္ႏိုင္ငံ နယ္နိမိတ္ မ်ဥ္းအနီး ေနထိုင္ေနတဲ့ ဘဂၤါလီေတြရဲ႕ ေခါင္းေဆာင္ ဒီးလ္ မိုဟာမက္က ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီးနေသူတွေ ထိတ်လန့်

တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လူနေထိုင်ခွင့်မရှိတဲ့ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီး ဝင်ရောက်နေထိုင်နေတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂါလီ မွတ်စလင်တွေ ထိတ်လန့်နေပါတယ်။

ထောင်တဲ့ချီတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းကိုလည်း မသွားလို၊ ရခိုင်ပြည်နယ်ထဲလည်း ပြန်မဝင်လိုတဲ့အတွက် နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြတာ ဖြစ်ပါတယ်။ အခု အဲဒီ ဘင်္ဂါလီတွေဟာ တပ်မတော် စစ်ကြောင်းတွေနဲ့ AA လက်နက်ကိုင် တပ်ဖွဲ့တို့ လှုပ်ရှားမှုတွေအနီးမှာ ပိတ်မိနေကြပါတယ်။

အစိုးရတပ်တွေနဲ့ AA တို့ မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်လို့ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီး နေထိုင်နေတဲ့ ဘင်္ဂါလီတွေရဲ့ ခေါင်းဆောင် ဒီးလ် မိုဟာမက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

?bph6