တ႐ုတ္ႏိုင္ငံ ေကြ႔ယန္ၿမိဳ႕နဲ႔ မႏၱေလးၿမိဳ႕ကို တိုက္႐ိုက္ ေလေၾကာင္း ေျပးဆြဲ

0
200

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ေကြ႔က်ိဳးျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ေကြ႔ယန္နဲ႔ ျမန္မာႏိုင္ငံ၊ မႏၱေလးၿမိဳ႕တို႔ကို တိုက္႐ိုက္ ေလယာဥ္ခရီးစဥ္ကို အခု သီတင္းပတ္အတြင္း စတင္ေျပးဆြဲၿပီ ျဖစ္ပါတယ္။

ေလေၾကာင္းခရီးစဥ္ကို တ႐ုတ္ႏိုင္ငံရဲ႕ စရတ္နည္း ေလေၾကာင္းလိုင္း 9 Air က ဘိုးရင္း 737-800 နဲ႔ ေျပးဆြဲမွာ ျဖစ္ပါတယ္။ အခု တိုက္႐ိုက္ခရီးစဥ္ဟာ ေကြ႔ယန္နဲ႔ ျမန္မာႏိုင္ငံကို ခ်ိတ္ဆက္တဲ့ ပထမဆံုး ေလေၾကာင္း ခရီးစဥ္ ျဖစ္ပါတယ္လို႔ ဆင္ဟြာ သတင္းဌာနက ေဖာ္ျပပါတယ္။

သီတင္းတစ္ပတ္မွာ အဂၤါ၊ ၾကာသပေတးနဲ႔ စေနေန႔တို႔မွာ သံုးႀကိမ္ အသြားအျပန္ ေျပးဆြဲမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို တ႐ုတ္ ခရီးသြားေတြ အမ်ားအျပား လာေရာက္လည္ပတ္ေနၿပီး ျမန္မာအစိုးရက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္ေနကစကာ တ႐ုတ္ ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ခြင့္ျပဳထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံ ကွေ့ယန်မြို့နဲ့ မန္တလေးမြို့ကို တိုက်ရိုက် လေကြောင်း ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရဲ့ မြို့တော် ကွေ့ယန်နဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့တို့ကို တိုက်ရိုက် လေယာဉ်ခရီးစဉ်ကို အခု သီတင်းပတ်အတွင်း စတင်ပြေးဆွဲပြီ ဖြစ်ပါတယ်။

လေကြောင်းခရီးစဉ်ကို တရုတ်နိုင်ငံရဲ့ စရတ်နည်း လေကြောင်းလိုင်း 9 Air က ဘိုးရင်း 737-800 နဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။ အခု တိုက်ရိုက်ခရီးစဉ်ဟာ ကွေ့ယန်နဲ့ မြန်မာနိုင်ငံကို ချိတ်ဆက်တဲ့ ပထမဆုံး လေကြောင်း ခရီးစဉ် ဖြစ်ပါတယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

သီတင်းတစ်ပတ်မှာ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တို့မှာ သုံးကြိမ် အသွားအပြန် ပြေးဆွဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တရုတ် ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်နေပြီး မြန်မာအစိုးရက ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေကစကာ တရုတ် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားပါတယ်။

?bph6