ရခိုင္ျပည္နယ္မွာ ပဋိပကၡေတြ ျဖစ္ေနမႈ စိုးရိမ္ေၾကာင္း ကုလ ေျပာ

0
113

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ အေစာပိုင္းကစၿပီး စစ္ေဘးေရွာင္သူ ၄၅၀၀ ေက်ာ္ ရွိလာေစတဲ့ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္ တပ္ဖြဲ႔တို႔ တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္အေရးကို စိုးရိမ္ပူပန္ေၾကာင္း ကုလသမဂၢက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္ အေျခအေနကို အထူးစိုးရိမ္ေၾကာင္း၊ တပ္မေတာ္နဲ႔ AA ႏွစ္ဖက္စလံုးက အရပ္သားေတြကို အကာအကြယ္ေပးဖို႔ လိုေၾကာင္းနဲ႔ လူ႔အခြင့္အေရးကို ေလးစားၾကဖို႔ ကုလသမဂၢ ပူးေပါင္းေဆာင္ရြက္ေရး ဌာေန ကိုယ္စားလွယ္ ေနာ့ ေအာ္စဘီ က မေန႔ ဇန္နဝါရီလ ၉ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ေသာင္းက်န္းသူ စစ္ဆင္ေရး၊ ႏွိမ္နင္းေရး သတ္မွတ္ၿပီး ထိထိေရာက္ေရာက္ ေဆာင္ရြက္သြားဖို႔ တပ္မေတာ္ကို ညႊန္ၾကားထားတယ္လို႔ သမၼတ႐ံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ၿပီးခဲ့တဲ့ ရက္ပိုင္းက က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေမှု စိုးရိမ်ကြောင်း ကုလ ပြော

ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းကစပြီး စစ်ဘေးရှောင်သူ ၄၅၀ဝ ကျော် ရှိလာစေတဲ့ တပ်မတော်နဲ့ AA လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အရေးကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေကို အထူးစိုးရိမ်ကြောင်း၊ တပ်မတော်နဲ့ AA နှစ်ဖက်စလုံးက အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုကြောင်းနဲ့ လူ့အခွင့်အရေးကို လေးစားကြဖို့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး ဌာနေ ကိုယ်စားလှယ် နော့ အော်စဘီ က မနေ့ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သောင်းကျန်းသူ စစ်ဆင်ရေး၊ နှိမ်နင်းရေး သတ်မှတ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ တပ်မတော်ကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။