ေဆးရြက္ႀကီး သံုးစြဲမႈေၾကာင့္ ေသဆံုးသူထဲမွာ လူငယ္ေတြ ပါဝင္ေန

0
379

ျမန္မာႏိုင္ငံမွာ ေဆးရြက္ႀကီးထြက္ ပစၥည္းသံုးစြဲမႈေၾကာင့္ ႏွစ္စဥ္ လူ ၇ ေသာင္းနီးပါး ေသဆံုးတဲ့အထဲ လူငယ္ေတြ ပါ၀င္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ျမတ္မင္းသူက ေပးပို႔ထားပါတယ္။

ေဆးလိပ္နဲ႔ ေဆးရြက္ႀကီး သံုးစြဲမႈေၾကာင့္ ႏွစ္စဥ္ ကမၻာေပၚမွာ လူဦးေရ ၇ သန္းေသဆံုးေနၿပီး၊ ျမန္မာႏိုင္ငံမွာေတာ့ တစ္ႏွစ္ကို လူဦးေရ ၇ ေသာင္း နီးပါးေသဆံုးေနတာပါ။ အဲ့ဒီထဲမွာ လူငယ္ေတြလည္း ပါ၀င္ေနတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ၊ က်န္းမာေရး ဦးစီးဌာနက ေျပာပါတယ္။

ဇန္နဝါရီလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ နိုင္ငံျခားဘာသာတကၠသိုလ္မွာ ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးရဲ႕ ဆိုးက်ိဳးေတြကို လူငယ္ေတြသိေစဖို႔ ေဟာေျပာပြဲျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး ေဒါက္တာ ခင္ေထြးျမင့္ (လက္ေထာက္ညႊန္ၾကားေရးမွဴး)
ရန္ကုန္တုိင္းေဒသႀကီး ၊ က်န္းမာေရး ဦးစီးဌာန

အဲ့ဒီေဟာေျပာပြဲမွာ ေဆးလိပ္ နဲ႔ ေဆးရြက္ႀကီး ရဲ႕ ေနာက္ဆက္တြဲ ျဖစ္ေပၚလာမယ့္ ေရာဂါေတြနဲ႔ ႀကိဳတင္ကာကြယ္မႈ ေတြကို လူငယ္ေတြလမ္းမွားမေရာက္ဖို႔ အဓိကထားေဟာေျပာခဲ့ပါတယ္။

Soundbite လင္းထြဋ္စိုး (ထိုင္းဘာသာ) ႏုိင္ငံျခားဘာသာတကၠသိုလ္

ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ အာဆီယံႏိုင္ငံေတြထဲမွာ ေဆးရြက္ႀကီးသုံးစြဲမႈ ရာခိုင္ႏႈန္းအမ်ားဆုံးႏိုင္ျဖစ္ပါတယ္။ အသက္ ၁၅ ႏွစ္နဲ႔အထက္ လူငယ္ ၇ သန္းေက်ာ္ဟာ ေန႔စဥ္ ေဆးရြက္ႀကီးထြက္ ပစၥည္းမ်ိဳးစုံကို သုံးစြဲေနၾကတယ္လို႔ သုေတသန စစ္တမ္းေတြက ေဖာ္ျပထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးသူထဲမှာ လူငယ်တွေ ပါဝင်နေ

မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ် လူ ၇ သောင်းနီးပါး သေဆုံးတဲ့အထဲ လူငယ်တွေ ပါဝင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်မှာ လူဦးရေ ၇ သန်းသေဆုံးနေပြီး၊ မြန်မာနိုင်ငံမှာတော့ တစ်နှစ်ကို လူဦးရေ ၇ သောင်း နီးပါးသေဆုံးနေတာပါ။ အဲ့ဒီထဲမှာ လူငယ်တွေလည်း ပါဝင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၊ ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးရဲ့ ဆိုးကျိုးတွေကို လူငယ်တွေသိစေဖို့ ဟောပြောပွဲပြုလုပ်ခဲ့တာပါ။

အင်တာဗျူး ဒေါက်တာ ခင်ထွေးမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)
ရန်ကုန်တိုင်းဒေသကြီး ၊ ကျန်းမာရေး ဦးစီးဌာန

အဲ့ဒီဟောပြောပွဲမှာ ဆေးလိပ် နဲ့ ဆေးရွက်ကြီး ရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရောဂါတွေနဲ့ ကြိုတင်ကာကွယ်မှု တွေကို လူငယ်တွေလမ်းမှားမရောက်ဖို့ အဓိကထားဟောပြောခဲ့ပါတယ်။

Soundbite လင်းထွဋ်စိုး (ထိုင်းဘာသာ) နိုင်ငံခြားဘာသာတက္ကသိုလ်

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အာဆီယံနိုင်ငံတွေထဲမှာ ဆေးရွက်ကြီးသုံးစွဲမှု ရာခိုင်နှုန်းအများဆုံးနိုင်ဖြစ်ပါတယ်။ အသက် ၁၅ နှစ်နဲ့အထက် လူငယ် ၇ သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံကို သုံးစွဲနေကြတယ်လို့ သုတေသန စစ်တမ်းတွေက ဖော်ပြထားပါတယ်ခင်ဗျာ။

?bph6