ေလျပင္းေၾကာင့္ ေရးၿမိဳ႕နယ္မွာ ပ်က္စီးမႈ မ်ားျပား

0
63

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း မေန႔ ဇန္နဝါရီလ ၈ ရက္ေန႔က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္၊ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ ဝန္ထမ္းလိုင္းခန္းေတြ ပ်က္စီးခဲ့ပါတယ္။

ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕၊ ကုလားကုတ္ကြ်န္း ေအာက္ဆိပ္နဲ႔ ႏွစ္ကရင္ ေက်းရြာမွာ ေနအိမ္ ၂၈၁ လံုး၊ စသင္ေက်ာင္း ၂ ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္း ၂ ေက်ာင္း အမိုးလန္၊ ေနအိမ္ ၁၁၁ လံုးၿပိဳလဲ၊ ေနအိမ္ ၄ လံုး၊ ဝန္ထမ္းလိုင္းခန္း ၁ ခု၊ ေစ်းဆိုင္ ၁ ဆိုင္တို႔ သစ္ပင္ပိ ပ်က္စီး ဆံုး႐ံႈးခဲ့ပါတယ္။ ႏွစ္ကရင္ ေက်းရြာက ရန္ႏိုင္ (၁၆ ႏွစ္) လည္း သစ္ကိုင္းပိမိလို႔ ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ခဲ့ရပါတယ္။

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္မွာလည္း မေန႔က မိုးရြာသြန္းၿပီး ေလျပင္း တိုက္ခတ္လို႔ ဖႏိုင္ေက်းရြာမွာ ေနအိမ္ ၁၁ လံုး အမိုးလန္ ပ်က္စီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေပြင်းကြောင့် ရေးမြို့နယ်မှာ ပျက်စီးမှု များပြား

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မနေ့ ဇန်နဝါရီလ ၈ ရက်နေ႔က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဝန်ထမ်းလိုင်းခန်းတွေ ပျက်စီးခဲ့ပါတယ်။

ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားကုတ်ကျွန်း အောက်ဆိပ်နဲ့ နှစ်ကရင် ကျေးရွာမှာ နေအိမ် ၂၈၁ လုံး၊ စသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း အမိုးလန်၊ နေအိမ် ၁၁၁ လုံးပြိုလဲ၊ နေအိမ် ၄ လုံး၊ ဝန်ထမ်းလိုင်းခန်း ၁ ခု၊ ဈေးဆိုင် ၁ ဆိုင်တို့ သစ်ပင်ပိ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ နှစ်ကရင် ကျေးရွာက ရန်နိုင် (၁၆ နှစ်) လည်း သစ်ကိုင်းပိမိလို့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာလည်း မနေ့က မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်လို့ ဖနိုင်ကျေးရွာမှာ နေအိမ် ၁၁ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။

?bph6