ရခိုင္အမ်ိဳးသားပါတီ (ANP) က ဦးေဇာ္ေဌးရဲ႕ ေျပာၾကားခ်က္ကို ကန္႔ကြက္

0
143

ဇန္နဝါရီလ ၇ ရက္ေန႔က ႏိုင္ငံေတာ္သမၼ႐ုံးမွာ ျပဳလုပ္တဲ့သတင္းစာရွင္းပြဲမွာ ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးရဲ႕ ရွင္းလင္းေျပာၾကားခ်က္ေတြဟာ ရခိုင္နဲ႔ ရခိုင္မ်ိဳးႏြယ္စု ျပည္သူေတြအားလုံးအေပၚ အင္အားသုံး ေျဖရွင္းလိုမႈ၊ မတရားၿခိမ္းေျခာက္မႈနဲ႔ မတရားစြပ္စြဲေျပာဆိုမႈေတြ ျပဳလုပ္ရာေရာက္တာေၾကာင့္ ရခိုင္အမ်ိဳးသားပါတီ (ANP) က ကန္႔ကြက္လိုက္ပါတယ္။

ဇန္၀ါရီလ ၈ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တဲ့ သေဘာထားျပန္ခ်က္မွာ ႏိုင္ငံေတာ္သမၼတ႐ုံး ညႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးေဇာ္ေဌးရဲ႕ ရွင္းလင္းခ်က္ေတြနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္ေၾကာင္း သေဘာထား ထုတ္ျပန္လိုက္တာပါ။

ဒါ့အျပင္ ေခတ္အဆက္ဆက္ ရခိုင္လူမ်ိဳးေတြနဲ႔ ရခိုင္ႏိုင္ငံေရးအဖြဲ႕အစည္းေတြဟာ မည္သည့္ဘဂၤါလီအဖြဲ႕ အစည္းေတြနဲ႔မွ ဆက္စပ္ေဆာင္ရြက္မႈမရွိေၾကာင္းနဲ႔ အၾကမ္းဖက္၀ါဒနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို ျပဳမႈလုပ္ေဆာင္တာ၊ အားေပးအားေျမႇာက္လုပ္တာ၊ ပူးေပါင္းေဆာင္ရြက္တာ လုံး၀မရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ႏိုင္ငံေရးေဆြးေႏြးပြဲကို ဂုဏ္သိကၡာရွိရွိ အားလုံးပါ၀င္ႏိုင္ေအာင္ အခြင့္အလမ္းတစ္ရပ္ ဖန္တီးေပးဖို႔ အစိုးရကို ေတာင္းဆိုလိုက္တဲ့အျပင္ လက္ရွိ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲေတြဟာ ၿငိမ္းခ်မ္းေရး အတြက္ အေျဖမထြက္ႏိုင္ဘဲ ႏိုင္ငံေရးအရ ေျဖရွင္းရမယ့္ကိစၥျဖစ္ေၾကာင္းနဲ႔ လူမ်ိဳးေရး ပဋိပကၡအသြင္ေဆာင္ၿပီး မလိုလားအပ္တဲ့ သေဘာထားကြဲလြဲမႈေတြ မျဖစ္ေပၚေစဖို႔ အျပဳသေဘာေဆာင္တဲ့ ၀ုိင္း၀န္သုံးသပ္အေျဖရွာ မႈေတြ လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

ရခိုင်အမျိုးသားပါတီ (ANP) က ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ကန့်ကွက်

ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မရုံးမှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ရှင်းလင်းပြောကြားချက်တွေဟာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု ပြည်သူတွေအားလုံးအပေါ် အင်အားသုံး ဖြေရှင်းလိုမှု၊ မတရားခြိမ်းခြောက်မှုနဲ့ မတရားစွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ရာရောက်တာကြောင့် ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်လိုက်ပါတယ်။

ဇန်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘောထားပြန်ချက်မှာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးရဲ့ ရှင်းလင်ချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် ခေတ်အဆက်ဆက် ရခိုင်လူမျိုးတွေနဲ့ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေဟာ မည်သည့်ဘင်္ဂါလီအဖွဲ့ အစည်းတွေနဲ့မှ ဆက်စပ်ဆောင်ရွက်မှုမရှိကြောင်းနဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြုမှုလုပ်ဆောင်တာ၊ အားပေးအားမြှောက်လုပ်တာ၊ ပူးပေါင်းဆောင်ရွက်တာ လုံးဝမရှိကြောင်းလည်း ဖော်ပြ ထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲကို ဂုဏ်သိက္ခာရှိရှိ အားလုံးပါဝင်နိုင်အောင် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးဖို့ အစိုးရကို တောင်းဆိုလိုက်တဲ့အပြင် လက်ရှိ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေး အတွက် အဖြေမထွက်နိုင်ဘဲ နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စဖြစ်ကြောင်းနဲ့ လူမျိုးရေး ပဋိပက္ခအသွင်ဆောင်ပြီး မလိုလားအပ်တဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်ပေါ်စေဖို့ အပြုသဘောဆောင်တဲ့ ဝိုင်းဝန်သုံးသပ်အဖြေရှာ မှုတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။