ရတနာပံု တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ(ဗကသမ်ား အဖြဲ႔ခ်ဳပ္)အေပၚေတာင္းပန္ဖုိ႔ လိုအပ္

0
141

ေက်ာင္းသားကိုယ္စားလွယ္ေတြ ထုတ္ျပန္ခ်က္နဲ႔ ပက္သတ္ၿပီး ရတနာပံု တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ(ဗကသမ်ား အဖြဲ႔ခ်ဳပ္)အေပၚ ျပန္လည္ေတာင္းပန္ဖုိ႔ လိုအပ္တယ္လို႔ ေျပာပါတယ္။ ဒီသတငး္ကုိ မႏၱေလးသတင္းေထာက္ ညဏ္လင္းထူးက ေပးပို႔ထားၿပီး ေမာင္ထက္ က တင္ဆက္ေပးထားပါတယ္။

ရတနာပံုေက်ာင္းသားကိုယ္စားလွယ္မ်ားအဖြဲ႔ကေန ရတနာပံုေက်ာင္းသားမ်ားသမဂၢက အာဇာနည္ေန႔ အခမ္းအနားက်င္းပဖို႔အတြက္ ရရွိခဲ႔ေငြေတြနဲ႔ပက္သတ္ၿပီး စာရင္းရွင္လင္းေပးတာမရွိေၾကာင္း ေၾကျငာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့တာပါ။

အဲဒီလုိ ထုတ္ျပန္ခဲ႔တဲ႔အေပၚ ရတနာပံုတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအေပၚ အထင္အျမင္လြဲမွား ေစႏိုင္တဲ႔အတြက္ ေက်ာင္းသားကုိယ္စားလွယ္ေတြအေနနဲ႔ ျပန္လည္ေတာင္းပန္ဖုိ႔ လိုအပ္ေၾကာင္း ရတနာပုံ ေက်ာင္းသားမ်ား သမဂၢေတြကုိက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရတနာပုံေက်ာင္းသားမ်ားသမဂၢက မႏၲေလးမီဒီယာစင္တာမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔တာပါ။

Sound Bite ; မအိမြန္ခင္ (ရတနာပံု ေက်ာင္းသားမ်ားသမဂၢ )

အဲ႔ဒီေငြေၾကးေတြကို ရတနာပံုတကၠသိုလ္ေက်ာင္းသားသမဂၢအေနနဲ႔ ကိုင္တြယ္ခဲ႔တာမဟုတ္ဘဲ အာဇာနည္ေန႔ ျဖစ္ေျမာက္ေရးေကာ္မတီအေနနဲ႔သာ ကိုင္တြယ္ခဲ႔တာျဖစ္ၿပီး စာရင္းရွင္းတမ္းေတြကိုလည္း ထုတ္ျပန္ေပးဖို႔ အဆင့္ရွိတယ္လို႔ ရွင္းလင္းခဲ႔တာပါ။

ဒါ့အျပင္ ရတနာပံုတကၠသိုလ္ ဘာသာရပ္ဆိုင္ရာ ေက်ာင္းသားကိုယ္စားလွယ္ေတြအေနနဲ႔ ဌာနတြင္း လုပ္ငန္း လုပ္ေဆာင္ဖို႔သာ ဖြဲ႔စည္းေပးထားတာျဖစ္တာေၾကာင့္ ေက်ာင္းသားအခြင့္အေရးနဲ႔သက္ဆိုင္တဲ႔ကိစၥရပ္ေတြမွာ ေျပာဆိုခြင့္မရွိဘူးလို႔ ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ၀င္တစ္ဦးက ေျပာပါတယ္။

Sound Bite ကိုသန္႔စင္ေမာင္ (ေနာက္ဆံုးႏွစ္ သခ်ာၤအထူးျပဳ)
ရတနာပံုတကၠသိုလ္

အခု ထုတ္ျပန္ခ်က္နဲ႔ ပက္သတ္ၿပီး ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢကုိ ေက်ာင္းသား ကုိယ္စားလွယ္ေတြက ျပန္လည္ေတာင္းပန္ႏိုင္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ေျဖရွင္းမေပးရင္ တရားဥပေဒ အတိုင္း ဆက္လက္လုပ္ေဆာင္သြားမွာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

ကျောင်းသားကိုယ်စားလှယ်တွေ ထုတ်ပြန်ချက်နဲ့ ပက်သတ်ပြီး ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)အပေါ် ပြန်လည်တောင်းပန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီသတငး်ကို မန္တလေးသတင်းထောက် ညဏ်လင်းထူးက ပေးပို့ထားပြီး မောင်ထက် က တင်ဆက်ပေးထားပါတယ်။

ရတနာပုံကျောင်းသားကိုယ်စားလှယ်များအဖွဲ့ကနေ ရတနာပုံကျောင်းသားများသမဂ္ဂက အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့အတွက် ရရှိခဲ့ငွေတွေနဲ့ပက်သတ်ပြီး စာရင်းရှင်လင်းပေးတာမရှိကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

အဲဒီလို ထုတ်ပြန်ခဲ့တဲ့အပေါ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအပေါ် အထင်အမြင်လွဲမှား စေနိုင်တဲ့အတွက် ကျောင်းသားကိုယ်စားလှယ်တွေအနေနဲ့ ပြန်လည်တောင်းပန်ဖို့ လိုအပ်ကြောင်း ရတနာပုံ ကျောင်းသားများ သမဂ္ဂတွေကိုက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရတနာပုံကျောင်းသားများသမဂ္ဂက မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite ; မအိမွန်ခင် (ရတနာပုံ ကျောင်းသားများသမဂ္ဂ )

အဲ့ဒီငွေကြေးတွေကို ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေနဲ့ ကိုင်တွယ်ခဲ့တာမဟုတ်ဘဲ အာဇာနည်နေ့ ဖြစ်မြောက်ရေးကော်မတီအနေနဲ့သာ ကိုင်တွယ်ခဲ့တာဖြစ်ပြီး စာရင်းရှင်းတမ်းတွေကိုလည်း ထုတ်ပြန်ပေးဖို့ အဆင့်ရှိတယ်လို့ ရှင်းလင်းခဲ့တာပါ။

ဒါ့အပြင် ရတနာပုံတက္ကသိုလ် ဘာသာရပ်ဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်တွေအနေနဲ့ ဌာနတွင်း လုပ်ငန်း လုပ်ဆောင်ဖို့သာ ဖွဲ့စည်းပေးထားတာဖြစ်တာကြောင့် ကျောင်းသားအခွင့်အရေးနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ ပြောဆိုခွင့်မရှိဘူးလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဝင်တစ်ဦးက ပြောပါတယ်။

Sound Bite ကိုသန့်စင်မောင် (နောက်ဆုံးနှစ် သင်္ချာအထူးပြု)
ရတနာပုံတက္ကသိုလ်

အခု ထုတ်ပြန်ချက်နဲ့ ပက်သတ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ကျောင်းသား ကိုယ်စားလှယ်တွေက ပြန်လည်တောင်းပန်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဖြေရှင်းမပေးရင် တရားဥပဒေ အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6