နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်က လူငယ်တွေအပေါ်မှာ မူတည်နေ

0
417






ဒါအပြင် လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်မှုပိုင်းတွေကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်မှုကော်မရှင်ကို တင်ပြရာမှာ ကြန့်ကြာမှုတွေနဲ့ ကန့်သတ်မှုတွေ ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအား တွေလျော့နည်းနေတာ ဖြစ်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက ပြောပါတယ်ရှင်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေရဲ့တီထွင်နိုင်တဲ့ တွေးခေါ်မှုပိုင်းတွေက နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကကျတယ်လို့ ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာမောင်မောင်သိမ်း ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

လာမယ့်အနာဂတ်မှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ လူငယ်တွေအပေါ် မူတည်ပြီး လူငယ်တွေရဲ့ တီထွင်နိုင်တဲ့ တွေးခေါ်မှုပိုင်းတွေက အဓိကကျတယ်လို ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာမောင်မောင်သိမ်း ကပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာ ပြုလုပ်တဲ့ မြန်မာစီးပွားရေးနှင့်စီးပွားရေးပညာစကားဝိုင်းဆွေးနွေးပွဲမှာ လူငယ်စီးပွားရေးသမားတွေအနေနဲ့ စီးပွားရေးကို ထိုးဖောက်သင့်တယ်လို့ သုံးသပ်ခဲ့တဲ့အပေါ် ဒေါက်တာမောင်မောင်သိမ်း က အခုလို ပြောခဲ့တာပါ။

Soundbite ဒေါက်တာမောင်မောင်သိမ်း (ဒုတိယဝန်းကြီး အငြိမ်းစား)
ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန

ဒါအပြင် နိုင်ငံတကာက သွင်းကုန်ထက် မြန်မာနိုင်ငံက ပို့ကုန်တွေမြှင့်တင်နိုင်ဖို့အတွက် လူငယ်တွေအနေနဲ့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်တီထွင်ဖန်းတီးနိုင်တဲ့ နည်းလမ်းတွေသုံးနိုင်ဖို့ လိုအပ်တယ်လို ကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက အထွေထွေအတွင်းရေးမှူးချုပ်ကပြောပါတယ်။

Soundbite ဦးအောင်ကြည်စိုး (အထွေထွေအတွင်းရေးမှူးချုပ်)
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI

ဒါအပြင် လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်မှုပိုင်းတွေကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်မှုကော်မရှင်ကို တင်ပြရာမှာ ကြန့်ကြာမှုတွေနဲ့ ကန့်သတ်မှုတွေ ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ တီထွင်ဖန်တီးနိ်ုင်တဲ့ စွမ်းအား တွေလျော့နည်းနေတာ ဖြစ်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက ပြောပါတယ်ရှင်။